အစိုးရသက်တမ်းအတွင်း မွန်ပြည်နယ်၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ သန်း(၆၀၀)ကျော် ဝင်ရောက်ခဲ့

အစိုးရသက်တမ်းအတွင်း မွန်ပြည်နယ်၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ သန်း(၆၀၀)ကျော် ဝင်ရောက်ခဲ့

ယခုအစိုးရသက်တမ်း(၃)နှစ်အတွင်း မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (၁၄) ခု ၊ အမေရိကန်ဒေါ်လာ (၆၂၂.၄၇၈) သန်းခန့် ဝင်ရောက်ခဲ့ကြောင်း မွန်ပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီဌာန စာရင်းများအရ သိရသည်။

ဝင်ရောက်ခဲ့သည့် ရင်းနှီးမြုပ်နှံမှုများတွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုသည့်လုပ်ငန်း (၁၀)ခုနှင့် ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီမှ ခွင့်ပြုခဲ့သည့် လုပ်ငန်း (၄)ခု ပါဝင်ကြောင်း သိရသည်။

ထိုင်း နှင့် တရုတ်နိုင်ငံတို့က အများဆုံး လာရောက်ရင်းနှီးမြုပ်နှံခဲ့ကြခြင်းဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ၊ စက်မှုလုပ်ငန်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြုပ်နှံခဲ့ကြခြင်းဖြစ်သည်။

ရာဘာအပင်အိုများကို ပေါင်းခံပြီး ကျိတ်ခွဲကာ အထပ်သားများပြုလုပ်သည့် လုပ်ငန်းများတွင်မူယာယီရင်းနှီးမြုပ်နှံခွင့်ကိုမပြုရန့် ပြည်နယ်အစိုးရမှ မူဝါဒချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

“ ရာဘာစက်မှုကဏ္ဍမှာတော့ ယာယီရင်းနှီးမြုပ်နှံခွင့်မပြုဖို့ ပြည်နယ်အစိုးရက မူဝါဒချမှတ်ထားတယ် “ ဟု မွန်ပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ပြောသည်။

ထို့ပြင် ဇန်နဝါရီလအတွင်း၌ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် 2019 invest Myanmar Summint တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြုပ်နှံနိုင်သော လုပ်ငန်းလေးခုကိုလည်း မိတ်ဆက်ခဲ့သည်။

ယင်းတို့မှာ ကျိုက်ထိုမြို့နယ်တွင်ဆောင်ရွက်မည့် ကိုရီးယားစက်မှုဇုန်စီမံကိန်း ၊ မုဒုံမြို့နယ်ရှိ ရာဘာစီးတီး ၊ ကျိုက်ထီးရိုးဇုန် မြို့ပြစီမံကိန်းနှင့် ကျိုက်ထိုမြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းတို့ ဖြစ်သည်။

အဆိုပါစီမံကိန်းများသည် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေအရ ဖွံ့ဖြိုးရေးဇုန်တွင် ပါဝင်နေတာကြောင့် လာရောက်ရင်းနှီးမြုပ်နှံသူများအတွက် အခွန်ကင်းလွတ်ခွင့် (၅)နှစ် ရရှိမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီကို ၂၀၁၇ ခုနှစ် ဇူလိုင်လက ဝန်ကြီးချုပ်မှ ဥက္ကဠနေရာဖြင့် နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး မြန်မာကျပ်ငွေ သန်း (၆၀၀၀) ၊ အမေရိကန်ဒေါ်လာ (၅)သန်းအထိ တန်းဖိုးရှိသည့် ရင်းနှီးမြုပ်နှံမှုများကို အဆိုပါကော်မတီမှ ခွင့်ပြုပေးနိုင်သည်ဟု သိရသည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...