ရေးမြို့တွင် မုန့်အမျိုးအစားပေါင်း ၁၀၀ ကျော်ပါဝင်သည့် မြန်မာ့ရိုးရာမုန့်ပွဲတော်ကျင်းပ

ရေးမြို့တွင် မုန့်အမျိုးအစားပေါင်း ၁၀၀ ကျော်ပါဝင်သည့် မြန်မာ့ရိုးရာမုန့်ပွဲတော်ကျင်းပ

မွန်ပြည်နယ်၊ ရေးမြို့၊ စကားတောင်ဓမ္မစကူးလ်နှင့် ရင်သွေးပျိုးခင်းဓမ္မစကူးလ် သင်တန်းဆင်းပွဲအထိမ်းအမှတ်အဖြစ် မတ်လ ၃ ရက်နေ့ညနေပိုင်းက မြန်မာ့ရိုးရာမုန့်အမျိုးအစားပေါင်း ၁၀၀ ကျော်ပါဝင်သည့် ရိုးရာမုန့်ပွဲတော်ကို ရေးမြို့၊ ပြည်သူ့ရင်ပြင်မှာ ထည့်သွင်းကျင်းပခဲ့သည်။

''ကျန်းမာရေးနဲ့ညီညွတ်ပြီးတော့ အာဟာရပြည့်ဝတဲ့ မြန်မာ့ရိုးရာမုန့်တွေကို ကျွေးမွေးခြင်းအားဖြင့် ယနေ့လူငယ်တွေ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်လာစေဖို့ရည်ရွယ်ပါတယ်၊ ယနေ့ခေတ်မုန့်တွေမှာက ဆိုးဆေးနဲ့ အန္တရာယ်ဖြစ်စေတဲ့ ဓါတုပစ္စည်းပါတဲ့ပြည်တွင်းဖြစ်မုန့်တွေ၊ နိုင်ငံခြားဖြစ်မုန့်တွေစာသုံးမှုလျော့လာစေဖို့၊ မြန်မာမုန့်တွေနှစ်သက်စွာစားသုံးခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုတိုးတက်မြင့်မားစေဖို့၊ ကလေးငယ်များအနေနဲ့တပြိုင်နက်တည်းမှာ မြန်မာ့ရိုးရာမုန့်တွေကို မိတ်ဆက်ကျွေးမွေးနိုင်စေဖို့၊ မြန်မာမုန့်တွေအရေအတွက်များများဖော်ထုတ်နိုင်စေဖို့နဲ့ မြန်မာ့ရိုးုရာမုန့်လုပ်ငန်းရှင်တွေ စီးပွားရေးအဆင်ပြေလာစေဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ် ” ဟု ရင်သွေးပျိုးခင်းဗုဒ္ဓဘာသာပညာရေးသင်တန်းကျောင်းက သင်တန်းကျောင်းအုပ်ဆရာကြီး ဦးပညာစာရက သံလွင်တိုင်းမ်ကို မိန့်ကြားသည်။

သင်တန်းဆင်းပွဲသို့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်ပိုင်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပြီး အလှူရှင်များလာရောက်လှူဒါန်းကြသည့် မြန်မာ့ရိုးရာမုန့်များအား အခမဲ့စတုဒိသာကျွေးမွေးခြင်းဖြစ်ကာ သင်တန်းဆင်းပွဲနှင့်အတူ သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုလွှာများပေးအပ်ခြင်း၊ ကဗျာ/ပုံပြောနှင့် ကျပန်းစကားပြောပြိုင်ပွဲများကျင်းပခြင်း၊ စံပြမိဘအုပ်ထိန်း သူဆုများပေးအပ်ခြင်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား/သူများ၏ မြန်မာ့ယဉ်ကျေးမှုပဒေသာယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

စကားတောင်ဓမ္မစကူးလ်နှင့် ရင်သွေးပျိုးခင်းဗုဒ္ဓဘာသာစာရိတ္တပညာရေးသင်တန်းကျောင်းတို့အနေဖြင့် ကျောင်းပိတ်ရက်များတွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်းသင်ရိုးညွှန်းတမ်းများ၊ သင်ကြားနည်းစနစ်များနှင့် အညီ ရေးမြို့အတွင်းရှိ ကျောင်းသားကလေးငယ်များအား သာသနာအကျိုးထိန်းသိမ်းစောင့်ရှောက်သူများဖြစ်လာစေရေးရည်ရွယ်လျက် ၂၀၁၅ ခုနှစ်မှစတင်ကာ အပတ်စဉ်သင်တန်းများ ပို့ချပေးလျက်ရာ

ယနေ့အထိ KG တန်းမှ သတ္တမတန်းအထိ ကျောင်းသားကျောင်းသူ ၇၀၀ ခန့်အထိ သင်ကြားပေးလျက်ရှိသည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...