ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးအတွင်း ငါးရာပေါင်းများစွာသေဆုံးမှုဖြစ်ပွား

ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးအတွင်း ငါးရာပေါင်းများစွာသေဆုံးမှုဖြစ်ပွား

မွန်ပြည်နယ်၊ ရေးမြို့၊ ရှေးဟောင်းကျုံးတော်ကြီးအတွင်း ဖေဖေါ်ဝါရီလ ၈ ရက်နေ့နံနက်ပိုင်းမှစတင်ကာ ငါးရာပေါင်းများစွာသေဆုံးလျက်ရှိနေပြီး အရပ်ဘက်အဖွဲ့အစည်းများက ရှင်းလင်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

'' လူမှုအဖွဲ့အစည်းတွေက ငါးသေတွေကို ရှင်းလင်းမှုတွေဆောင်ရွက်နေကြတယ်၊ ခုလည်း ငါးတွေဆက်တိုက်သေနေတယ်၊ အဖြေရှာသင့်ပြီ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ရေတိုအတွက် အမြန်ဆုံး အရေးပေါ်အစီအစဉ်အနေနဲ့ ဆောင်ရွက်သင့်သလို မြို့အတွက် ရေအရင်းအမြစ်တစ်ခုလည်းဖြစ်တဲ့ ကျံုံးတော်ကြီးကို ရေရှည်ကောင်းဖို့အတွက် အစီအမံတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ် '' ဟု ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်ကို ပြောကြားသည်။

ရေးမြို့နယ်ရှိ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ စုံစမ်းစစ်ဆေးချက်များအရ ရေကန်အတွင်းရှိရေသည် ရွံ့နွံအထက် (၂)ပေခန့်သာရှိသဖြင့် ရေနည်းပြီး အောက်ဆီဂျင်ပြတ်လတ်ခြင်း၊ ရေနည်းသဖြင့်

ရေများကြည်လင်ခြင်းမရှိဘဲ နံစော်နေခြင်း၊ ရေနည်းသောကြောင့် အပူချိန်မြင့်မားလာ၍ ရေပူတွင်နေရသဖြင့် ငါးများသေဆုံးရခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။

ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက '' ငါးဦးစီးနဲ့ကြည့်ပြီးပြီ လေထုက အောက်လွှာမှာ အောက်ဆီဂျင်နည်းတယ်၊ နည်းတော့ ရေညှိတွေလဲသေသွားတယ်၊ မနက်ပိုင်းလောက်ဆို ငါးတွေက သေပြီ၊ ဒီနှစ်က ငါးပေါက်ဖွားနှုန်းတစ်အားများတယ်လို့သိရတယ်၊ အတော်များများတော့ ဆက်ထားရင် သေဖို့တော့ရှိတယ်၊ အားလုံးညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်၊ ရေရှည်ကောင်းဖို့အတွက်ပါ '' ဟု သံလွင်တိုင်းမ်ကို ပြောကြားသည်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...