ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် စည်ပင်ဝန်ကြီးမှ ဆန်အိတ် ၂၀၀ လှူဒါန်းမည်

ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် စည်ပင်ဝန်ကြီးမှ ဆန်အိတ် ၂၀၀ လှူဒါန်းမည်

ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား စစ်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်နေရသည့် ဒုက္ခသည်များအတွက် ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ဆန်အိတ် ၂၀၀ လှူဒါန်းမည်ဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများ ကူညီရေးအဖွဲ့ ဥက္ကဌ ဦးဝှေ့တိမ်းကပြောသည်။

ဦးဝှေ့တိမ်းက “စစ်ဘေးရှောင်ပြည်သူတွေအတွက် ထောက်ပံ့ပေးဖို့ ဆန်အိတ် ၂၀၀ အိတ်ပေးဖို့ ဝန်ကြီးဦးစိုးထက်က ကျွန်တော်တို့အဖွဲ့ အစည်းနဲ့ အစည်းအဝေးလုပ်တဲ့အချိန်မှာ ပြောတယ်။ ဆန်အိတ်တွေပါလာ တာလည်းတွေ့တယ်။ အဲတာတွေကို ဘယ်အချိန်ပေးမလဲဆိုတာတော့ မသိသေးဘူး။ အထွေထွေအုပ်ချုပ်ရေးဌာနကိုလွှဲပေးလိုက်တယ်ထင်တယ်”ဟုပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် တို့အကြား စစ်ပွဲများကြောင့် ပလက်ဝမြို့နယ် ကျေးရွာအချို့ရှိပြည်သူများ နေရပ်ကိုစွန့်ခွာ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် ဒုက္ခသည်များအချို့ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ AA ထိန်းချုပ်နယ်မြေတွင်း ရောက်ရှိနေသည်ဟုလည်းသိရသည်။

စစ်ဘေးရှောင် ဒုက္ခသည် ကူညီရေးအဖွဲ့ ဥက္ကဌ ဦးဝှေ့တိမ်းက “ကျေးရွာအချို့က နယ်စပ်မှာရှိတဲ့ AA နယ်မြေအတွင်း ရောက်ရှိတယ်လို့လည်း ကြားနေရတာပေါ့။ တစ်ချို့ကျေးရွာတွေမှာဆိုရင် သေနက်သံတွေကြားနေရလို့ နေရပ်စွန့်ခွာထွက်ပြေးတဲ့လူတွေလည်းရှိတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်အတွင်း စစ်ပွဲများဖြစ်ပွားမှုကြောင့် ယနေ့အချိန်ထိ စစ်ဘေးတိမ်းရှောင်သူ များအနက် နေရပ်ပြန်မရောက်နှိုင်သေးသူ ၃၅ ရာခိုင်နှုန်းကျော်ရှိနေသေးကြောင်းလည်း ထွေ/အုပ် ဌာနမှ ထုတ်ပြန်သည့် ပလက်ဝမြို့နယ် စစ်ဘေးရှောင်ပြည်သူစာရင်းအရ သိရှိရပါသည်။

၂၀၁၅ ခုနှစ်ကတည်းက ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်အတွင်းသာမက အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်တွင်း စစ်ဘေးရှောင်ပြည်သူများ တိမ်းရှောင်ခဲ့ရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...