လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရင်းနှီးမြုပ်နှံမှု နည်းပါးနေကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ်မှပြော

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရင်းနှီးမြုပ်နှံမှု နည်းပါးနေကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ်မှပြော

ချင်းပြည်နယ်တွင် ရင်းနှီးမြုပ်နှံမှု နည်းပါးနေခြင်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့်ဖြစ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွယ်မှ ပြောသည်။

“ချင်းပြည်နယ်က ပြည်မနှင့် ဝေးတဲ့နေရာမှာရှိနေတော့ စီးပွားရေးသမားတွေ ရင်းနှီးမြုပ်နှံမယ့်သူတွေ အရောက်အပေါက်နည်းတယ်၊ နောက်ပြီး လမ်းကြမ်းတယ်၊ လမ်းမကောင်းတာကြောင့် ရင်းနှီးမြုပ်နှံမယ့်သူတွေက ဖိတ်ခေါ်သလောက်မလာကြဘူး၊ တစ်ချို့ရောက်လာတဲ့သူတွေကလည်း အခြေခံအချက်တွေဖြစ်တဲ့ လျှပ်စစ်မီးတို့၊ လမ်းပန်းဆက်သွယ်ရေးတို့ကို အကြောင်းပြပြီး ပြန်ပြန်သွားကြတယ်”ဟု နေပြည်တော်တွင်ကျင်းပခဲ့သည့် Investment Myanmar Summit 2019 တွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွယ်မှ ကမာရွတ်မီဒီယာနှင့် အင်တာဗျူးတွင်ပြောကြားချက်အရ သိရသည်။

အဆိုပါပြပွဲတွင် ချင်းပြည်နယ် အနေဖြင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအတွက် လျှပ်စစ်ဌာန၊ စက်မှုကြီးကြပ်ဌာန၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဌာနများမှ ပရောဂျက်ပေါင်း ၃၈ခုကို တင်ပြခဲ့ပြီး အခြားကဏ္ဍအနေဖြင့် စိုက်ပျိုးရေးနှင့် အိမ်တွင်းလက်မှုလုပ်ငန်းများကိုလည်း ပြသခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်ပြီး ချင်းစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာရွှေဟိန်းမှ “ချင်းပြည်နယ်မှာ ပြည်တွင်းရင်းနှီးမြုပ်နှံမှု ဇီးရိုး၊ ပြည်ပရင်းနှီးမြုပ်နှံမှုလည်း ဇီးရိုးဖြစ်နေတယ်၊ ချင်းအစိုးရအနေနဲ့ မြို့နယ်အလိုက် ရင်းနှီးမြုပ်နှံမယ့်သူတွေအတွက် မြေနေရာတွေလည်းဖော်ဆောင်ပေးသင့်တယ်၊ စက်မှုတော်လှန်ရေးလုပ်ဖို့လည်းလိုတယ်”ဟု ချင်းဝေါလ်မီဒီယာနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...