တိုးမြှင့်ပင်စင်လစာခံစားခွင့်ရှိသူ ချင်းပြည်နယ်တွင် နှစ်ထောင်ငါးရာ နီးပါးရှိ

တိုးမြှင့်ပင်စင်လစာခံစားခွင့်ရှိသူ ချင်းပြည်နယ်တွင် နှစ်ထောင်ငါးရာ နီးပါးရှိ

ချင်းပြည်နယ်တွင် ဇန်နဝါရီလမှ စတင်ပြီး တိုးမြှင့်ပင်စင်လစာ ခံစားခွင့်ရရှိသူ ၂၄၅၅ ဦးရှိကြောင်း နိုင်ငံတော်ပိုင် သတင်းစာတွင်ဖော်ပြထားသည်။

ပင်စင်လစာတိုးမြှင့်ခြင်းကို ၂၀၁၉ ဇန်နဝါရီလ မှစတင်ပြီး တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး တိုးမြှင့်ပင်စင် ရရှိသူ တစ်နိုင်ငံလုံးတွင် လူဦးရေ ၂၀၂၄၆၆ ဦးရှိကြောင်းလည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန အနေဖြင့် ပင်စင်စားတစ်ဦးချင်းစီအတွက် တိုးမြှင့်ပင်စင်ငွေပေးမိန့်များ စိစစ်တွက်ချက်ထုတ်ပြန်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ နေစဉ်ပေးပို့လျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ တိုးမြှင့်ပင်စင်လစာများကို စောလျင်စွာခံစားရရှိနှိုင်ရေး ဆောင်ရွက်နေကြောင်းသိရသည်။

ငွေပေးမိန့်များကို စိစစ်တွက်ချက်ထုတ်ပြန်ရာတွင် ကိုယ်တိုင်ပင်စင်စား၊ ဇနီး/ ခင်ပွန်း မိသားစုဝင်ပင်စင်စား၊ အခြားမိသားစု ပင်စင်စား နှင့် တစ်လုံးတည်းပင်စင်လဲလှယ် ထားသည့် ပင်စင်စား စသည်ဖြင့် အစီအစဉ်အတိုင်းဆောင်ရွက် ပေးလျက်ရှိသည်။ဤသို့တွက်ချက် ထုတ်ပြန်ရာတွင် ပင်စင်စားများ၏ ပင်စင်အမျိုးအစားများ တွက်ချက်ရာတွင် လိုအပ်သည့် နောက်ဆုံးထုတ်လစာအပါအဝင် အချို့အချက်အလက်များ မပြည့်စုံသဖြင့် ခက်ခဲကြန့်ကြာမှုများ ရှိနေကြောင်းလည်း သိရှိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...