ပြည်နယ်အဆင့် ကျင်းပမည့် ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ အတွက် ကျပ်သိန်း ၂၅၀ ကျော်ရာထား

ပြည်နယ်အဆင့် ကျင်းပမည့် ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ အတွက် ကျပ်သိန်း ၂၅၀ ကျော်ရာထား

ပြည်နယ်အဆင့် ကျင်းပမည့် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲအတွက် အသုံးပြုရန် ငွေကြေး သိန်း ၂၅၀ ကျော်ကို အစိုးရအဖွဲ့မှ လျာထားကြောင်း ကြိုဆိုနေရာချထားရေးနဲ့ ဧည့်ခံကျွေးမွေးရေး ကော်မတီ တာဝန်ခံ ချင်းပြည်နယ် ဥပဒေချုပ် ဦးဆန်နီထန်ကျုံက ပြောသည်။

ဥပဒေချုပ် ဦးဆန်နီကျုံက “ကျွန်တော်တို့က ကြိုဆိုနေရာချထားရေးဆိုတော့ အတက်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေတယ်။ ချင်းပြည်ဆိုတော့ အစားအသောက်လည်း ခက်ခဲတဲ့ အပြင် ရာသီဥတုကလည်း တအားအေးတော့ စောင်တို့ ဘာတို့လည်း ဝယ်ဖို့လျာထားတယ်။ လျာထားတဲ့ ပိုက်ဆံအတိုင်း ရမရတော့ မသိသေးဘူး။ အစိုးရမှာ ဘတ်ဂျက်လျာထားတာ ကတော့ သိန်း ၂၅၀ ကျော်လျာထားတာပေါ့။ အစိုးရကခွင့်ပြုမယ်ဆိုရင်တော့ သုံးမယ် မရဘူးဆိုရင်တော့ နည်းနည်းပြန်လျော့ပြီးတော့ ဘယ်လိုအဆင်ပြေမလည်း ပြန်ညှိနှိုင်းသွားမယ်”ဟုပြောသည်။

အဆိုပါချင်းအမျိုးသားနေ့ မတိုင်မီတစ်ရက်အလို တွင်လည်း အသစ်ဆောက်လုပ်ပြီးစီးပြီဖြစ်သော ချင်းပြည်နယ် လွှတ်တော်ရုံးကိုလည်း ချင်းအမျိုးသားနေ့တွင် ပါဝင်ရန် ရောက်ရှိလာသည့် နိုင်ငံတော် အကြီးကဲတစ်ဦးဦးမှ ဖွင့်လျက်ပေးသွားမည်ကြောင်းဟု ဦးဆန်နီထန်ကျုံကပြောသည်။

(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ချင်းရိုးရာခေါင်ကြွဲ (Khuang Cuai)ပွဲ ၊ ရိုးရာနပန်းပြိုင်ပွဲ ၊ အထွဋ်အမြတ်တိုင်(ခ) ဘွေ့တိုင်စိုက်ထူပွဲ ၊ ရိုးရာယဉ်ကျေးမှုအကများ ဖြင့်ဖျော်ဖြေခြင်းနှင့် ဌာနဆိုင်ရာ ပြခန်းများခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်းသိရသည်။

ချင်းပြည်နယ် ဥပဒေချုပ် ဦးဆန်နီထန်ကျုံ က “ ချင်းအမျိုးသားနေ့ပွဲ အတွက် ဧည့်သည် ခြောက်ရာကျော်တော့ ရောက်မယ်လို့တော့ ထင်တယ်၊ နိုင်ငံတော် အကြီးကဲတွေအနေနဲ့ သမ္မတ အပါဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသဝန်ကြီးချုပ်တွေတော့ ၊ပြည်နယ်ဝန်ကြီးချုပ် လွှတ်တော်ဥက္ကဌ တွေကိုလည်း ဖိတ်တယ်ထားတယ် လာနိုင်မယ်။ မလာနိုင်ဘူးဆိုတာတော့ မသိသေးဘူး”ဟုပြောသည်။

၂၀၁၃ ခုနှစ်မှ စတင်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ကိုယ်တိုင် ဦးစီးပြီး ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့တွင်သုံးကြိမ် ၊ မင်းတပ်မြို့တွင်တစ်ကြိမ် ၊ဖလမ်းမြို့တွင် တစ်ကြိမ် ကျင်းပခဲ့ပြီဖြစ်ပြီး နိုင်ငံတော်အဆင့် အကြီးအကဲများ တတ်ရောက်ခဲ့ကြသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...