ACSY၏ကိုယ်ပိုင်မြေတွင် ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပမည်

ACSY၏ကိုယ်ပိုင်မြေတွင် ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပမည်

ချင်းတမျိုးသားလုံးအတွက် ပထမဆုံးအကြိမ် ကိုယ့်ပိုင်မြေပေါ်တွင် ၇၁နှစ်မြောက် ချင်းအမျိုးသားနေ့ကို စည်ကားစွာကျင်းပနိုင်ရန် စွမ်းစွမ်းတမံလုပ်ဆောင်လျှက်ရှိေကြာင်း All Chin Society Yangon (ACSY)၏ ဥက္ကဌ ပူးပီတာကျုံးက ချင်းဝေါလ်သို့ ပြောသည်။

All Chin Society Yangon (ACSY)၏ အမှုဆောင်များသည် ယခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ကျရောက်မည့် ၇၁နှစ်မြောက်ချင်းအမျိုးသားေန့ကို ကိုယ်ပိုင်မြေပေါ်

တွင် ကျင်းပနိုင်ရန် ဆောင်ရွက်နေကြခြင်းဖြစ်သည်။

“အိမ်မက်မမက်ဖူးတဲ့ မမျှော်လင့်ဖူးတဲ့ ချင်းတမျိုးသားလုံးအတွက်အင်မတန်မှမွန်ုမြတ်လှတဲ့ ACSYပိုင် မြေကွက်ပေါ်မှာ စည်ကားသိုက်မြတ်စွာ ပထမဆုံးအကြိမ် ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပမယ်ဆိုတဲ့သတင်းကြားရလို့ အားလုံးစိတ်လှုပ်ရှားကြမယ်လို့ မျှော်လင့်ပါတယ်” ပူးပီတာကျုံးက ဆိုသည်။

နိုင်ငံတော် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန် နှင့် အခြားလူကြီးများကို ဖိတ်ကြားသွားမှာဖြစ်ပြီး တက်ရောက်နိုင်ဖို့မြော်လင့်ကြောင်း သိရသည်။

ကိုယ့်မြေပိုင်ပေါ်ကျင်းပရခြင်းသည် အထက်လူကြီးများ နှင့် ချင်းတစ်မျိုးသားလုံးက ACSY မြေကို ဂုဏ်ယူဖွယ်လက်တွေ့မြင်စေလိုပြီးအတူတကွ ဂုဏ်ယူဝမ်းမြောက်ကြရန်ဖြစ်ကြောင်းနှင့် အားလုံးကိုတက်ရောက်ဖို့ဖိတ်ခော်ေကြာင်း ချင်းလူမှု့အသင်း(ရန်ကုန်)၏ ဥက္ကဌက ပြောသည်။

အကျယ်အဝန်း ၃.၉ဧကရှိသော ACSY၏မြေကွက်သည် မြောက်ဒဂုံ၊ တိုးကြောင်ကလေးဘူတာအနီးတွင်တည်ရှိသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...