ချင်းပြည်နယ်အစိုးရမှ မြေကွက် ၇၀၀နှင့် မြို့ပြဧရိယာ ၂၈၀၀၀ ဧက တိုးချဲ့နေမှုအပေါ် ကန့်ကွက်ကြောင်း ဒေသခံပြည်သူ နှစ်ရာခန့်မှ ဆန္ဒထုတ်ဖော်ခဲ့

ချင်းပြည်နယ်အစိုးရမှ မြေကွက် ၇၀၀နှင့် မြို့ပြဧရိယာ ၂၈၀၀၀ ဧက တိုးချဲ့နေမှုအပေါ် ကန့်ကွက်ကြောင်း ဒေသခံပြည်သူ နှစ်ရာခန့်မှ ဆန္ဒထုတ်ဖော်ခဲ့

ချင်းပြည်နယ်ဟားခါးမြို့တွင် ချင်းပြည်နယ်အစိုးရမှ လုပ်ဆောင်ရန်ပြင်ဆင်လျက်ရှိသည့် မြေကွက် ၇၀၀နှင့် မြို့ပြဧရိယာ ၂၈၀၀၀ ဧက တိုးချဲ့ရန်ပြင်ဆင်နေမှုအား ကန့်ကွက်ကြောင်း ဟားခါးမြို့ဒေသခံ နှစ်ရာခန့်မှ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြကြောင်းသိရသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးခင်ဒုမ်းမှ “ဝန်ကြီးချုပ် ဦးလျန်လွယ်က ကျွန်တော်တို့ကိုပြောတာက ဟားခါးမြို့ မြေကွက်မရှိတဲ့သူတွေ၊ အိမ်မရှိတဲ့သူတွေကို ကိုယ်ပိုင်အိမ်မြေရှိစေချင်လို့ မြို့ပြစီမံကိန်းကိုလုပ်တယ်လို့သူပြောတယ်၊ ဒါကတစ်ကယ်ကောင်းတဲ့ အစီအစဉ်ပါ ဒါပေမဲ့ ခုလက်ရှိကျွန်တော့်မြေဆိုရင် မြေကွက် ၂၆ကွက် စာ အသိမ်းခံရပြီးပြီ၊ ဒီပမာဏဟာ ဟားခါးအိမ်ခြံမြေဈေးနဲ့တွက်ကြည့်ရင် တစ်ကွက်ကို နှစ်ဆယ့်ငါးသိန်းနှုန်းနဲ့ အားလုံးပေါင်းရင် သိန်းပေါင်းခြောက်ရာကျော်တန် မြေကွက်တွေ ပေးထားပြီးပါပြီ၊ ချင်းပြည်နယ်အစိုးရအနေနဲ့တစ်ကယ်လုပ်ချင်တယ်ဆိုရင် မြေကွက်တန်ကြေးတွေအတွက် မတည်ငွေလုပ်ခဲ့လိုရှိရင် ဒီနေ့လိုမျိုး ကျွန်တော်တို့ ဆန္ဒပြဖြစ်မှာမဟုတ်ပါဘူး”ဟု ဆန္ဒပြရာတွင် ပြောခဲ့သည်။

ချင်းပြည်နယ်အစိုးရမှ မြို့ပြစီမံကိန်းအတွက် မြေဓရိယာသတ်မှတ်ရာတွင် ဘိုးဘွားပိုင်မြေများနှင့် တောင်သူများ၏ လယ်ယာမြေများ ပါသွားခြင်းကြောင့် ယခုကဲ့သို့ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဆန္ဒပြထုတ်ဖော်မှုကို ဇန်နဝါရီ ၂၅ရက်နေ့ နံနက် ၉နာရီခန့်မှ ဟားခါး-ထန်တလန် လမ်းခွဲမှ စတင်လမ်းလျှောက်ပြီး ပြည်နယ်အစိုးရရုံးကို ဖြတ်ကျော်ကာ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ဝမ္မသူမောင်ဘောလုံးကွင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိသော မြို့ပြစီမံကိန်းများအား အလိုမရှိ၊ တိုင်းရင်းသားတောင်သူ လယ်သမားအခွင်းအရေးကာကွယ်ရေး၊ တောင်သူလယ်သမားဘဝမြှင့်တင်ရေး၊ ချင်းပြည်နယ်အစိုးရက နိုင်ငံတော်မှ ချမှတ်ထားသော မြေယာဥပဒေ မူဝါဒလမ်းညွှန်ချက်ကို အပြည့်အဝကျင့်သုံးရေး၊ မတရားသိမ်းဆည်းမြေများ မူလပိုင်ရှင်ထံ အမြန်ပြန်အပ်ရေးနှင့် ဘိုးဘွားပိုင်မြေများနှင့် တောင်သူများအားလုံး ပိုင်မြေကာကွယ်ရေး စသည့်စာသားများပါဝင်သည့် ဗီနိုင်းများ ကိုင်ဆောင်က လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

အဆိုပါဆန္ဒပြမှုမတိုင်မီ ဇန်နဝါရီလေးရက်တွင် ဟားခါးမြို့သစ်စီမံကိန်းအရေး ချင်းပြည်နယ်အစိုးရနှင့် မြေသိမ်းခံတောင်သူများ တွေ့ဆုံညှိနှိုင်းပွဲပြုလုပ်ခဲ့သော်လည်း ညှိနှိုင်းလို့မရသေးကြောင်းသိရသည်။

ချင်းပြည်နယ်အစိုးရမှ မြို့ပြစီမံကိန်းအတွက် မြေဓရိယာသတ်မှတ်ရာတွင် ဘိုးဘွားပိုင်မြေများနှင့် တောင်သူများ၏ လယ်ယာမြေများ ပါသွားခြင်းကြောင့် ယခုကဲ့သို့ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...