ရက္ခိုင့်တပ်မတော်မှ ပလက်ဝမြို့နယ်သည် ရခိုင်ပိုင်နက်ဖြစ်ကြောင်း ပြောဆိုမှုအပေါ် ခူမီး(ခမီး)အမျိုးသားပါတီမှ သဘောထားထုတ်ပြန်

ရက္ခိုင့်တပ်မတော်မှ ပလက်ဝမြို့နယ်သည် ရခိုင်ပိုင်နက်ဖြစ်ကြောင်း ပြောဆိုမှုအပေါ် ခူမီး(ခမီး)အမျိုးသားပါတီမှ သဘောထားထုတ်ပြန်

AA လက်နက်ကိုင် ရက္ခိုင့်တပ်မတော်က ပလက်ဝမြို့နယ်အတွင်း လှုပ်ရှားစဉ် ကျေးရွာရှိ ပြည်သူများကို ပလက်ဝမြို့နယ်သည် ရခိုင်ပိုင်နက် နယ်မြေဖြစ်ကြောင်း နှင့် တော်လှန်ရေးအောင်မြင် ပြီးဆုံးပါက ရခိုင်ပြည်နယ်တွင် ပေါင်းထည့်မည်ဖြစ်ကြောင်း ဟောပြောခဲ့ခြင်း အပေါ် ခူမီး(ခမီး)အမျိုးသားပါတီမှ ကန့်ကွက်ရှုံ့ချကြောင်း ၂၄ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပလက်ဝမြို့နယ်သည် ပြည်မ မြန်မာနိုင်ငံတွင် ပါဝင်ကြောင်း ရခိုင်တိုင်းလောက်အောက်က မဟုတ်ကြောင်းနှင့် ချင်းတောင်တန်းဒေသ၏ လက်အောက်လည်းမဟုတ်ပါ။ ၁၉၄၇ ခု၊ပင်လုံညီလာခံအပြီး တောင်တန်းစုံစမ်းရေး ကော်မတီက ကြားနာမေးမြန်းစဉ် ရခိုင်တောင်တန်းကိုယ်စားလှယ်များက မြန်မာနှင့် အတူပူပေါင်း၍ လွတ်လပ်ရေးရယူလိုကြောင်း၊ ချင်းတောင်တန်းဒေသနှင့် ပူးပေါင်း၍ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်နေလိုကြောင်း ထွတ်ဆိုခဲ့ပြီး ၁၉၄၇ ခု အခြေခံဥပဒေအရ ချင်းဝိဒေသတိုင်း

ချင်းပြည်နယ်တွင်ပါဝင်ခဲ့ကြောင်းလည်း ပါဝင်သည်။

ရက္ခိုင့်တပ်မတော် AA က ဗမာစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားစဉ် ပလက်ဝမြို့နယ် ကျေးရွာများရှိ ပြည်သူများ၏ ဆန်၊ ကြက်၊ဝက် များကိုလည်း ယူကာ တော်လှန်ရေးပြီးဆုံးအခါမှ ပေးချေမည်ဖြစ်ကြောင်း ရက္ခိုင်တပ်မတော်AA ကပြောခဲ့ခြင်း အပေါ် ကန့်ကွက်ရှုံ့ချကြောင်း သဘောထား ထုတ်ပြန်ချက်ထဲတွင် တွေ့ရှိရပါသည်။

ပလက်မြို့နယ်သည် ရခိုင်တောင်တန်းဒေသ သို့မဟုတ် ရခိုင်မြောက်ပိုင်းခရိုင်အမည် ဖြင့် အင်္ဂလိပ်လက်ထက်ကပင် သတ်မှတ်ခဲ့ဖူးပြီး သီးခြားကိုယ်ပိုင်နယ်နိမိတ်၊ သီးခြားကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု့ရှိသော တောင်တန်းဖြစ်ခဲ့သည်။ ရခိုင်တောင်တန်းကိုလည်း ရခိုင်တောင်တန်းဥပဒေ ရခိုင်တရားစီရင်ရေးဥပဒေ တို့ဖြစ် အုပ်ချုပ်ခဲ့ပါသည်။ ပလက်ဝမြို့နယ်သည် ၁၉၄၇ ခုနှစ်၊ ပင်လုံညီလာခံအပြီး တောင်တန်းဒေသ ကော်မရှင်များက အခြေခံဥပဒေသရ ချင်းဝိသေသတိုင်း ချင်းပြည်နယ်တွင် ပါဝင်ခဲ့သည်။

AA လက်နက်ကိုင်အဖွဲ့မှ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...