ချင်းအမျိုးသားနေ့နှင့် ရက်တိုက်နေသည့် အခြေခံပညာ စားမေးပွဲများ ရက်ရွှေ့မည်

ချင်းအမျိုးသားနေ့နှင့် ရက်တိုက်နေသည့် အခြေခံပညာ စားမေးပွဲများ ရက်ရွှေ့မည်

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကျရောက်မည့် ချင်းအမျိုးသားနေ့နှင့် ရက်တိုက်နေသော အခြေခံပညာကျောင်း စာမေးပွဲများအား ချင်းပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ရက်ရွှေ့ကျင်းပမည်ဟုသိရသည်။

ချင်းပြည်နယ် ပညာရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှာ "ချင်းအမျိုးသားနေ့နှင့် ရက်တိုက်နေတဲ့ စားမေးပွဲတွေကို ရက်ရွှေ့လိုက်တဲ့သဘောပါ၊ ချင်းပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရွှေ့ပေးသွားမှာပါ၊ ဒီဆုံးဖြတ်ချက်ကို ချင်းပြည်နယ်အစိုးရအနေနဲ့ ဆုံးဖြတ်လိုက်တာပါ"ဟု ပြောသည်။

ယခုကဲ့သို့ စာမေးပွဲရက်ရွှေ့လိုက်သော်လည်း ကျောင်းများတရားဝင်ပိတ်မည်မဟုတ်ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၀ ၁၉၄၈ခုနှစ်တွင် ချင်းဝိသေသတိုင်းဖလမ်းမြို့တွင် ချင်းမျိုးနွယ်စုကိုယ်စားလှယ်အသီးသီးက လူထုအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်စေသောတိုက်သူကြီးစနစ်ကိုဖျက်သိမ်းပြီးဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ရန်ဆုံးဖြတ်သည့်နေ့ကိုအစွဲပြု၍ချင်းအမျိုးသားနေ့အဖြစ်နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...