ချင်းအမျိုးသားနေ့နှင့် ရက်တိုက်နေသည့် အခြေခံပညာ စားမေးပွဲများ ရက်ရွှေ့မည်

ချင်းအမျိုးသားနေ့နှင့် ရက်တိုက်နေသည့် အခြေခံပညာ စားမေးပွဲများ ရက်ရွှေ့မည်

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကျရောက်မည့် ချင်းအမျိုးသားနေ့နှင့် ရက်တိုက်နေသော အခြေခံပညာကျောင်း စာမေးပွဲများအား ချင်းပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ရက်ရွှေ့ကျင်းပမည်ဟုသိရသည်။

ချင်းပြည်နယ် ပညာရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှာ "ချင်းအမျိုးသားနေ့နှင့် ရက်တိုက်နေတဲ့ စားမေးပွဲတွေကို ရက်ရွှေ့လိုက်တဲ့သဘောပါ၊ ချင်းပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရွှေ့ပေးသွားမှာပါ၊ ဒီဆုံးဖြတ်ချက်ကို ချင်းပြည်နယ်အစိုးရအနေနဲ့ ဆုံးဖြတ်လိုက်တာပါ"ဟု ပြောသည်။

ယခုကဲ့သို့ စာမေးပွဲရက်ရွှေ့လိုက်သော်လည်း ကျောင်းများတရားဝင်ပိတ်မည်မဟုတ်ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၀ ၁၉၄၈ခုနှစ်တွင် ချင်းဝိသေသတိုင်းဖလမ်းမြို့တွင် ချင်းမျိုးနွယ်စုကိုယ်စားလှယ်အသီးသီးက လူထုအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်စေသောတိုက်သူကြီးစနစ်ကိုဖျက်သိမ်းပြီးဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ရန်ဆုံးဖြတ်သည့်နေ့ကိုအစွဲပြု၍ချင်းအမျိုးသားနေ့အဖြစ်နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...