NRC နှင့်ပူးပေါင်းကာ သစ္စာစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော နိုင်ငံသားကတ် ၃၄၀၀ အား မွန်ဝန်ကြီးချုပ် တက်ရောက်ပေးအပ်

NRC နှင့်ပူးပေါင်းကာ သစ္စာစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော နိုင်ငံသားကတ် ၃၄၀၀ အား မွန်ဝန်ကြီးချုပ် တက်ရောက်ပေးအပ်

မွန်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရေးမြိ့နယ် ဦးစီးမှူးရုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ပြည်နယ် NRC (Norwegian Refugee Council) တို့ ပူးပေါင်း၍ သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားကတ်များအား ဒေသခံများနှင့် ကျောင်းသား ကျောင်းသူများအား ပေးအပ်ပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့နံနက်ပိုင်းက ရေးမြို့၊ အထက(၁)၊ ပညာ ရတနာခန်းမတွင်ပြုလုပ်ကျင်းပခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တက်ရောက်ပေးအပ်ခဲ့သည်။

သစ္စာစီမံချက်ဖြင့် ပြီးခဲ့သောနှစ်အတွင်း အခြေခံပညာကျောင်းသားကျောင်းသူ ၃၁၀၅ ဦး၊ ရပ်ကွက်/ ကျေးရွာအုပ်စု (၈)အုပ်စုမှ ပြည်သူ ၂၉၅ ဦး စုစုပေါင်း ၃၄၀၀ ဦးအား အခမဲ့ဆောင်ရွက်ပေးခဲ့ခြင်း ကြောင်း ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြိ့နယ်ဦးစီးမှူး ဦးမျိုးခိုင်က ပြောကြားသည်။

NRC နှင့်ပူးပေါင်းကာ စီမံချက်အနေဖြင့် ပြည်သူများကုန်ကျမည့် ဓါတ်ပုံ၊ သွေးစစ်ဆေးခ၊ မိတ္တူကူးပေးခြင်း၊ ပလတ်စတစ်လောင်းပေးခြင်းကုန်ကျငွေများကျခံပေးပြီး အခမဲ့ဆောင်ရွက်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် NRC အနေဖြင့် ၂၀၁၂ ခုနှစ်ကစတင်ကာ ကရင်ပြည်နယ်တွင် လဝကနှင့်အတူ စတင်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ ရေးမြို့နယ်အပါဝင် ကျိုက်ထို၊ သထုံ၊ ဘီးလင်း များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

အခမ်းအနားတွင် ရေးမြို့နယ်ဦးစီးမှူးရုံးက သစ္စာဝန်ထမ်းသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ်မှ အမှာစကားပြောကြားခြင်း၊ ပြည်နယ်လဝကဦးစီးမှူး ညွှန်ကြားရေးမှူး ဦးတင်ချယ်မှ နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းအား ရှင်းလင်းပြောကြားခြင်း၊ NRC အရှေ့တောင်ပိုင်းဒေသရုံး မန်နေဂျာ စောနေဘလထူးမှ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား/သူများနှင့် ဒေသခံများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...