ကုလားကုတ်ကျွန်းရှိ ရေဘေးသင့်ပြည်သူများအား လူမှု ဝန်ထမ်းမှ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ကုလားကုတ်ကျွန်းရှိ ရေဘေးသင့်ပြည်သူများအား လူမှု ဝန်ထမ်းမှ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကုလားကုတ်ကျွန်းပေါ်ရှိ ကုလားကုတ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာတွင် ယခုလ ၈ ရက်နေ့ နံနက် ၈ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ရာနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရပြီး ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်ကာ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ လာရောက်ပေးအပ်ခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ကုလားကုတ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းနှင့ ်စာသင်ကျောင်းဆောင် ၃ ခု အမိုးလန်ခြင်းများအပါအဝင် ပြိုကျပျက်စီးနေအိမ် ၁၁၁ လုံး၊ အမိုးလဲအိမ်ခြေ ၂၈၁ လုံး၊ စုစုပေါင်း ၃၉၂ လုံး၊ ကျားမပေါင်း ၂၀၀၀ ခန့်၊ အိမ်ထောင်စု ၃၉၂ စု လေဘေးသင့်ခဲ့ရကာ ငွေကျပ်သိန်းပေါင်း ၃၅၀ ကျော် ဆုံးရှုံးရခြင်းဖြစ်သည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့င် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းတို့က အားပေးနှစ်သိမ့်စကားများ ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးမှ ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ခြင်းနှင့် အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများအပါအဝင် မသန်စွမ်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ အား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးဝန်ကြီးတို့က ဒေသခံများသို့ ထောက်ပံ့ပေးအပ်သည်။

ယနေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း ၃၀၀ အပါအဝင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ် ၃၃၅၇၆၆၀၀ိ/- ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၁၅၉၀၀၀၀ိ/- တို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ရေးမြို့နယ်အတွင်းရှိ ဒေသခံအဖွဲ့အစည်းများကလည်း ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...