ဟားခါးမြို့နယ်ရှိ ဆူရ်ခွါရွာ နောက်နှစ်အတွင်း မြို့အဖြစ်တိုးမြှင့်မည်

ဟားခါးမြို့နယ်ရှိ ဆူရ်ခွါရွာ နောက်နှစ်အတွင်း မြို့အဖြစ်တိုးမြှင့်မည်



ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ဆူရ်ခွါရွာ ကို လာမည့် နှစ်သစ် ၂၀၁၉ တွင် မြို့အဖြစ် တိုးမြှင့်ပေးရန် စီစဉ်ပြင်ဆင်နေကြောင်း ချင်းပြည်နယ် လျှပ်စစ် စက်မှုနဲ့စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြော သည်။

ဝန်ကြီးဦးစိုးထက်က “ဟားခါးမြို့ဘက်က ဆူရ်ခွါရွာ ကို စပြီးတော့ ဒီနှစ်သစ်မှာ ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ် အဲတာပြီးရင်တော့ ပလက်ဝဘက်က လေးမျိုး ချောင်းနားက သံတောင်ကိုတော့ အကြမ်းအားဖြင့် ပြင်ဆင်ထားတယ်”ဟုပြောသည်။

သူကဆက်ပြီး “ ကျွန်တော်တို့အစီစဉ် ဆွဲထားတာတော့  တောင်ပိုင်းကို တစ်မြို့ မြောက်ပိုင်းကို တစ်မြို့ စီဆိုပြီးပြင်ဆင်ထားတယ်။ အခုလက်ရှိကတော့ မြောက်ပိုင်းမှာဆိုရင် ဟားခါးက ဆူရ်ခွါပေါ့။ သံတောင်ကတော့ သုံးရာကျော်လောက်ရှိတယ် အဲတာကြောင့် သံတောင်ကိုဦးတည်ထားတယ် ချင်းပြည်နယ်တောင်ပိုင်းဖက်မှာဆိုရင်ပေါ့” ဟုပြောသည်။

လက်ရှိတွင်ချင်းပြည်နယ်အတွင်း မြို့ကိုးမြို့နယ်၊ ခရိုင်(၄) ခု၊ မြို့(၉) မြို့ရှိပြီဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...