သေမင်းတမာန်မီးရထားလမ်းဖောက်လုပ်ပြီးစီးမှု ၇၅ နှစ်ပြည့်အခမ်းအနား သံဖြူဇရပ်စစ်သချုႋင်းတွင်ကျင်းပ

သေမင်းတမာန်မီးရထားလမ်းဖောက်လုပ်ပြီးစီးမှု ၇၅ နှစ်ပြည့်အခမ်းအနား သံဖြူဇရပ်စစ်သချုႋင်းတွင်ကျင်းပ

သေမင်းတမာန်မီးရထားလမ်းဟု အမည်ဆိုးဖြင့်ကျော်ကြားသည့် မီးရထားလမ်းဖောက်လုပ်ပြီးစီးမှု ၇၅ နှစ်ပြည့်အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် သံဖြူဇရပ်စစ်သချုႋင်းတွင်ကျင်းပခဲ့သည်။

အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ၊ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်အပါအဝင် သံဖြူဇရပ်စစ်သချုႋင်းတွင်မြှုပ်နှံထားသည့်စစ်သုံ့ပန်းများ၏မူရင်းနိုင်ငံ ဆယ့်တစ်နိုင်ငံမှ သံအမတ်များ၊ စစ်သံမှုးများ၊ သံရုံးတာဝန်ခံများ၊ စစ်ပြန်ဟောင်းများ၊ ကျဆုံးစစ်သည်များ၏မိသားစုများ တက်ရောက်ခဲ့ကြသည်။

"ကမ္ဘာကြီးရဲ့ ကောင်းခြင်းအတွက် သူတို့တွေ အသက်ပေးခဲ့ကြတယ်။ ဒီနေ့ ကျွန်တော်တို့ သူတို့ကို လေးစားအမှတ်ရပြီး ဂုဏ်ယူစွာနဲ့ ဒီအခမ်းအနားလေးလုပ်ပြီး ဂုဏ်ပြုကြတာဖြစ်တယ်" ဟု အခမ်းအနားမှုးတာဝန်ယူခဲ့သည့် ဗြိတိသျှစစ်သံမှူးက ပြောသည်။

ရထားလမ်းကို ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဂျပန်အင်ပါယာမှ ဂျပန်တပ်မတော်ထောက်ပို့ရေးအတွက် ၁၉၄၃ ခုနှစ်က ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းရထားလမ်းသည် မြန်မာနိုင်ငံ သံဖြူဇရပ်ဘူတာမှ ထိုင်းနိုင်ငံ ဘန်ပေါင်ဘူတာကိုဆက်သွယ်သည့် ၂၅၈ မိုင် (၄၁၅ ကီလိုမီတာ) အရှည်ရှိပြီး အချိန် ၁၃ လအတွင်း စက်ယန္တယားမပါပဲ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးကာလအတွင်း အရပ်ဘက်ချွေးတပ်သား တစ်သိန်းရှစ်သောင်းမှ နှစ်သိန်းခွဲအကြားနှင့် စစ်သုံ့ပန်း ခြောက်သောင်းတစ်ထောင်တို့ အလုပ်လုပ်ခဲ့ရပြီး ချွေးတပ်သား ကိုးသောင်းခန့်နှင့် စစ်သုံးပန်း တစ်သောင်းနှစ်ထောင်ခန့် သေဆုံးခဲ့သည့်အတွက် ဇလီဖားတစ်တုံးအသက်တစ်ချောင်းမျှသေဆုံးခဲ့သည်ဟု ခိုင်းနှိုင်းပြောဆိုရသည်အထိ အသေအပျောက်များခဲ့ရာမှ သေမင်းတမာန်ရထားလမ်းဟု အမည်ဆိုးဖြင့်ကျော်ကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ယင်းဖြစ်ရပ်ဆိုးကို အမှတ်ရအောက်မေ့ဖွယ်အဖြစ် သံဖြူဇရပ်မြို့တွင် မဟာမိတ်စစ်သချုႋင်းတစ်ခု၊ ပြတိုက်တစ်ခု ဆောက်လုပ်ပြသထားသည်။

 

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...