ရွှေဝယ်ပေးမည်ဟုဆိုကာ ချင်းလူမျိုး အချင်းချင်း ငွေကျပ်သိန်းလေးထောင်ကျော် လိမ်လည်

ရွှေဝယ်ပေးမည်ဟုဆိုကာ ချင်းလူမျိုး အချင်းချင်း ငွေကျပ်သိန်းလေးထောင်ကျော် လိမ်လည်

ရွှေဝယ်ပေးမည်ဟုဆိုကာ ငွေကျပ်သိန်း ၄၁၃၀ ကို Tuan Kil ဆိုသည့် အမျိုးသမီးမှ လိမ်လည်ကာ အိန္ဒိယနိုင်ငံမီဇိုရမ် တွင်ထွက်ပြေးတိမ်းရှောင်နေကြောင်း အလိမ်ခံရသည့် ရန်ကုန်မြို့နေ ဦးရွှေဟိန်းက သူ၏ လူမှုကွန်ယက်စာ မျက်နှာတွင် ရေးသားထားသည်။

ဦးရွှေဟိန်းက သူ၏လူမှုကွန်ယက်စာမျက်နှာတွင် “ ရဲ နဲ့ CID ကို အမှုဖွင့်လိုက်ပါပြီ။ တရားစွဲဆိုမှုလည်း လုပ်ပြီးပါပြီ။ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဖမ်းမှာဖြစ်တယ်။ အခုသူ အိန္ဒိယနိုင်ငံ အိုင်ဇောလ်မှာ လူရှိင်း ( Lushai ) အမျိုးသားတစ်ဦးက သူ့အိမ်မှာထားတယ်လို့ကြားထားတယ်။ အဲဒီလူရဲ့နာမည်ကိုလည်း မကြာခင်မှာ ထုတ်ဖော်သွားမှာဖြစ်တယ်” ဟုပြောသည်။

ထို့အပြင် Tuan Kil ဆိုသူအမျိုးသမီးမှ သူ့ကိုသတ်ဖို့ကြိုးစားနေကြကြောင်း၊ ကျပ်သိန်း တစ်သောင်းလေးထောင်ကိုလည်း သူတို့ကိုချေးပေးခဲ့ကြောင်း စသည်ဖြင့် ကျမ်းစာအုပ်ကိုင်ကာ လိမ်လည် ပြောကြားခဲ့ကြောင်း ဦးရွှေဟိန်းက ဖော်ပြထားသည်။

ဦးရွှေဟိန်းက “ ဒီခေတ်မှာ ရိုးသားဖြောင့်မတ်မှုမရှိတော့ဘူး။ ရိုးသားမှုကိုလည်း မရပ်တည်ပေးရဲကြတော့ဘူး။ ခရစ်ယာန်ဖြစ်တဲ့ ကျွန်တော်တို့လူမျိုးတွေထဲက မကောင်းတဲ့လုပ်ရပ်ဖြစ်တဲ့ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုတွေလုပ်လာကြတဲ့အပြင် အခုဆိုရင် ကျမ်းစာအုပ်ကိုကိုင်ပြီး မုသားစကားတွေပြောဆိုကုန်ကြပြီ။ ရိုးသားမှုမရှိတော့ဘူး” လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် အောက်တိုဘာလ ၁၄ ရက်နေ့က ရေးသားခဲ့သည်။

ငွေကြေးအလိမ်ခံရသည့် ဦးရွှေဟိန်းသည် ထိုင်းနိုင်ငံတွင် စီးပွားရေးဆိုင်ရာဒေါက်တာဘွဲ့ရရှိသူဖြစ်ပြီး Chinland Public Company တွင်လည်း ဥက္ကဌအဖြစ်ဆောင်ရွက်နေသူဖြစ်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...