ဆူရ်ဘုန်လေယာဉ်ကွင်း ဘတ်ဂျက်လုံလောက်မှု မရှိသဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရန် ကြန့်ကြာနှိုင်

ဆူရ်ဘုန်လေယာဉ်ကွင်း ဘတ်ဂျက်လုံလောက်မှု မရှိသဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရန် ကြန့်ကြာနှိုင်

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်မှု၌ ဘတ်ဂျက် ပိုင်းဆိုင်ရာ လုံလောက်မှုမရှိသည့်အတွက် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး နိုင်ရေး ကြန့်ကြာနိုင်ကြောင်း ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးရွှေထီးယူကပြောသည်။

ဦးရွှေထီးယူက “လေယာဉ်ကွင်းတည်ဆောက်မှုက ငါးဆယ်ရာခိုင်နှုန်းလောက် ပြီးစီးပါပြီ။ ဘယ်တော့ပြီးမလဲဆိုတာတော့ အတိကျပြောလို ့မရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ အစိုးရလက်ထက်မှာ မြန်မြန်စီးနိုင်အောင် ရည်ရွယ်ပြီးတော့ လုပ်နေပါတယ်။ ဘတ်ဂျက်ပိုင်းကတော့ မြန်မြန်ပြီးဖို့ဆိုရင်မြန်မြန်ချပေးဖို့လိုတယ် ခုထိတော့ လုံလောက်မှုမရှိသေးတော့ ကြန့်ကြာနိုင်ပါတယ်” ဟုပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းသည် လေယာဉ်ပြေးလမ်း အရှည် ပေ(၆၀၀၀)၊အကျယ် ပေ (၁၀၀)၊လေယာဉ်ပြေးလမ်း တဖက်တချက်စီကို ပေ(၅၀၀)ကျယ်ဝန်းပြီး ခံနိုင်ရည်စွမ်းအား ပေါင် (၅၀၀၀၀)ရှိသည့် ATR-72 လေယာဉ်များ ဆင်းသက်နိုင်အောင် တည်ဆောက်ထားကြောင်းလည်းသိရသည်။

ဦးရွှေထီးယူက “ရန်ပုံငွေကို ပြည်ထောင်စုအစိုးရက ကိုင်တာဆိုတော့ သူတို့မှာလည်း အခက်အခဲရှိတဲ့အတွက် ကျွန်တော်တို့ တင်ပြသလောက် မချပေးနိုင်သေးဘူး။ ဒါကတော့အခက်ခဲဆုံး ပြသနာပေါ့။ ဟိုတစ်နေ့ကလည်းဒု – သမ္မတ ကိုယ်တိုင်ကြည့်တော့ ရန်ပုံငွေနည်းနည်းရအောင် တောင်းခံတယ်။ သူတို့ကလည်း ရန်ပုံငွေအခြေနေပေါ် မှုတည်ပြီး ပြန်ခွဲဝေပေးနိုင်ရင်တော့ မြန်မြန်ပြီးနိုင်မယ်”ဟုပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းအတွက် ကျပ် (၂၅)ဘီလီယံအသုံးပြုရန် လျာထားခြင်းဖြစ်ပြီး ယခုလက်ရှိ အစိုးရသက်တမ်း မကုန်မီ အပြီးတည်ဆောက်သွားမည်ဖြစ်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...