အဝေးသင်ဖြေမည့် ကျောင်းဆရာ/မများနေရာအတွက် အစားထိုးခန့်ပေးနိုင်မည်မဟုတ်ဟုသိရ

အဝေးသင်ဖြေမည့် ကျောင်းဆရာ/မများနေရာအတွက် အစားထိုးခန့်ပေးနိုင်မည်မဟုတ်ဟုသိရ

မကြာမီစတင်တော့မည့် အဝေးသင်စာမေးပွဲဖြေမည့် နယ်မှ ကျောင်း/မ နေရာအတွက် အဝေးသင်ဖြေသည့်ကာလအတွင်း သင်ကြားရေးအတွက် ဆရာ/မများကို အစား ထိုးပေးနိုင်မည်မဟုတ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီးဦးပေါင်လွင်မင်းထန်ကပြောသည်။

သူက “အဝေးသင်ဖြေတဲ့ကာလမှာတော့ ဆရာ/မတွေကို အစားမထိုးနိုင်သေးဘူး။ သင်ကြားရေးက လူအင်အားလုံလောက်မှုမရှိဘူး။ ဒါကြောင့် ကျွန်တော်အမြဲပြောတာကကျောင်းမပြီးသေးပဲ ဆယ်တန်းအောင်တဲ့ သူတွေကို ကျောင်းဆရာ/မခန့်ထားတဲ့နေရာမှာ အမြဲတမ်းဒီပြသနာကြုံရတယ်။ အခုက ဘယ်လိုမှမတတ်နိုင်ဘူးဖြစ်နေတယ်။ အစားထိုးဖို့ဘယ်လိုမှလုပ်နိုင်မှာမဟုတ်ဘူး။ကလေးတွေအနေနဲ့ တစ်လလောက်ကတော့ သင်ရိုးကတော့  နောက်ကျသွားမယ်” ဟုပြောသည်။

သူကဆက်ပြီး“ကျောင်းဆရာ/မတွေကို နေ့စားလပေးထပ်ခန့်ဖို့တော့ ပြည်ထောင်စုအစိုးရက အကြောင်းမကြားလာသေးဘူး။ ပြည်ထောင်စုအစိုးရက ဘတ်ဂျက်စစ်ဆေးပြီးမှပဲ အကြောင်းကြားလာမှာဖြစ်ပါတယ်” ဟုပြောသည်။

အဝေးသင်စာမေးပွဲကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် အသုတ်လိုက်ဖြေဆို ရတာဖြစ်ပြီး အများအားဖြင့် ချင်းပြည်နယ်ပြင်ပ ကလေးတက္ကသိုလ်၊မုံရွာတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်များသို့ ချင်းပြည်နယ် နယ်ဒေသများတွင် တာဝန်ကျသည့် ကျောင်းဆရာ/မ အများစုအနေဖြင့် သွားဖြေဆိုရပြီး တစ်လကျော်ကျော်ကြာမြင့်လေ့ရှိသည်။

ဖလမ်းမြို့နယ် ကျေးရွာတစ်ရွာမှ အလယ်တန်းပြကျောင်းဆရာတစ်ဦးဖြစ်သူ ဆရာဗျက်နေမွေးက “ နယ်ကျောင်းတွေမှာက ဆရာနဲ့ဆရာမတွေမလုံလောက်တော့ အဝေးသင်သွားဖြေတဲ့သူတွေအတွက် ကျန်တဲ့သူတွေကလည်း အစားထိုးမဝင်ပေးနိုင်ဘူး။ တစ်ချို့က သင်ခန်းစာကြိုတင်သင်ရသလို တစ်ချို့က ပြန်လာပြီးမှ သင်ရိုးပြန်မီအောင်သင်ရတာမျိုးနဲ့ပဲလုပ်ရတယ်ဖြစ်တယ်” ဟုပြောသည်။

ချင်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် နှစ်စဉ်နီးပါး တက္ကသိုလ်ဝင်တန်းအောင်ချက်အနည်းဆုံးဖြစ်နေပြီးကျေးလက်နေ ၇၀ ရာခိုင်နှုန်းရှိသည့်ချင်းပြည်နယ်တွင်  အောက်သက်မကြေသည့် ကျောင်းသူ/သားအများစုကိစ္စသည် အဓိကပြသနာဖြစ်ကြောင်း ၀ါရင်ကျောင်းဆရာ/မ များမှ သုံးသပ်မှုလည်းရှိနေသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...