ကန်ပက်လက်နှင့် မတူပီ မြို့များတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူးသင်တန်းများ စတင်ကျင်းပ

ကန်ပက်လက်နှင့် မတူပီ မြို့များတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူးသင်တန်းများ စတင်ကျင်းပ
by -
Salai Khup Khup

ချင်းပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ကန်ပက်လက်မြို့နှင့် မတူပီမြို့များတွင် ရက်ကျေးကော်မရှင်များ မဲရုံမှူးဒုမဲရုံမှူးများကို သင်တန်းပေးခြင်း များဆောင်ရွက်လျှက်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်က “ရက်ကျေးကော်မရှင်တွေကို  (၂၇-၂၈)ရက်နေ့ကသင်တန်းပေးလိုက်တယ် အဲကနေပေးလိုက်တော့ ရက်ကြေးကော်မရှင်တွေက မဲရုံမြေနေရာသက်မှတ်တဲ့ နေရာတွေ ကြိုတင်မဲတွေမှာ ရက်ကြေးကော်မရှင်တွေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုဆွေးနွေးပေးတယ် မဲရုံမှူးတွေဆောင်ရွက်မဲ့ လုပ်ငန်းစဉ်တွေကို ရက်ကျေးကော်မရှင်တွေက ကြီးကြပ်ပံ့ပိုးပေးနှိုင်အောင် ပယ်မဲတွေခိုင်လုံမဲတွေ နောက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ရွေးကောက်ပွဲနေ့မှာ မဲရေတွက်လုပ်ငန်းစဉ်တွေကို ကြီးကြပ်နိုင်ဖို့ သင်တန်းပေးတာဖြစ်တယ်”ဟုပြောသည်။

သူကဆက်ပြီး “အရင်ကတော့ဒီလိုသင်တန်းမဟုတ်ဘဲနဲ့ လစဉ်အစည်းဝေးတွေမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို မြို့နယ်ကော်မရှင်ကတော့ လစဉ်တွေ့ဆုံပွဲတွေမှာ ဒီတိုင်းဘဲဆွေးနွေးပေးတာပေါ့အခုလိုမျိုးတော့ အရင်ကမပေးဖြစ်ဘူး။ ရွေးကောက်ပွဲတွေကလုပ်တော့မှာ ဖြစ်တယ်ဆိုတော့ လုပ်ငန်းအသေးစိတ်ကို လက်တွေ့ လုပ်နိုင်အောင် အရင်ကဒီတိုင်းဆွေးနွေးပြောပြတယ်  အခုကလက်တွေ့နဲ့လုပ်ခိုင်းတယ်။ လက်ရှိမဲရုံမှူး ဒုမဲရုံမှူးတွေကို (၁)ရက်နေ့ ကနေ (၄)ရက်နေ့ အထိသင်တန်းတွေပေးနေတယ်”ဟုပြောသည်။

နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစားရင်များကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ ကပ်မည်ဖြစ်ပြီး ကပ်သည့်ချိန်တွင် မဲဆန္ဒရှင်များမှ မိမိ၏ မဲစရင်းအမှတ်စဉ်များကို အိမ်ထောင်စုပြုလုပ်ချိန်တွင်ပါသော အိမ်ထောင်စုကုတ်ကိုမှတ်သားပြီး  ရွေးကောက်ပွဲနေ့တွင်ထိုအမှတ်သားဖြင့် လာရောက်မဲပေးရမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...