ချင်းအမျိုးသားနေ့ပွဲ ကိုနိုင်ငံတော်ဘတ်ဂျက်ဖြင့် ကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက် မည်ဟု ချင်းရေးရာဝန်ကြီးဆို

ချင်းအမျိုးသားနေ့ပွဲ ကိုနိုင်ငံတော်ဘတ်ဂျက်ဖြင့် ကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက် မည်ဟု ချင်းရေးရာဝန်ကြီးဆို

ချင်းအမျိုးသားနေ့ ပွဲကိုနိုင်ငံတော် ရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းချင်းရေးရာ ဝန်ကြီးဦးလာလ်ထောင်းထန်က ချင်းဝေါ်လ်သတင်းဌာနကို ပြောသည်။

စစ်ကိုင်းတိုင်းချင်းရေးရာ ဝန်ကြီးဦးလာလ်ထောင်းထန်က “ချင်းအမျိုးသားနေ့ ဟာချင်းလူမျိုးအားလုံးရဲ့ အလေးအနက်တန်ဖိုးထားတဲ့နေ့တစ်နေ့ဖြစ်တယ်။အဲတာကိုတရားဝင်အနေနဲ့ နှိုင်ငံတော်ဘက်ဂျတ်တောင်း ပြီးတော့ပုံမှန်ကျင်းပနှိုင်အောင်လုပ်လာနိုင်တာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုပေါ့။ ကျန်တဲ့ ကျွန်တော့်သက်တမ်းတွင်းမှာလည်း ဆက်ပြီးအကောင်အထည်ဖော်သွားမယ်။ အရင်ကဆိုရင် ချင်းအမျိုးသားနေ့ကို တရားဝင် ခွင့်ပြုချက်နဲ့ လုပ်နိုင်ဖို့ဆိုတာလည်း ခက်ခဲခဲ့တယ်”ဟုပြောသည်။

သူကဆက်ပြီး ချင်းအမျိုးသားနေ့အပြင် ချင်းရိုးရာကောက်သစ်စားပွဲ၊ ခွါဒိုပွဲ၊ Tho Puai စသည့်် ပွဲများအတွက်လည်း ပံ့ပိုးကူညီသွားမည်ဟုပြောသည်။

ယခင်စစ်အစိုးရခေတ်က ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်နေ့အဖြစ်သာ ကျင်းပခွင့်ပေးခဲ့ပြီး အမျိုးသားနေ့ပွဲအဖြစ် ကျင်းပရန် အာဏာပိုင်များမှ ပိတ်ပင်တားစီးမှုများရှိခဲ့သည့်နောက် ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးအကူးအပြောင်းကာလနောက်ပိုင်းတွင်သာ ချင်းအမျိုးသားနေ့အဖြစ် တရားဝင် ပြန်လည်ကျင်းပလာနိုင်ခဲ့သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...