သဘာဝဘေးအတွက် သိုလှောင်ထားသည့် ဆန်များ ကြွက်ဖောက်၊ ရေဝင်ခြင်းများရှိနေပြီး ဆန်ကောင်း အချို့ကို ပြန်ထုတ်ရောင်းမည်

သဘာဝဘေးအတွက် သိုလှောင်ထားသည့် ဆန်များ ကြွက်ဖောက်၊ ရေဝင်ခြင်းများရှိနေပြီး ဆန်ကောင်း အချို့ကို ပြန်ထုတ်ရောင်းမည်
(Photo/Chinland Post)
(Photo/Chinland Post)

၂၀၁၅ ခုနှစ်ကတည်းက သဘာဝဘေးအတွက် ချင်းပြည်နယ်အစိုးရမှ သိုလှောင်ထားသည့် ဆန်အိတ်  ၂၄၈၈ အိတ်ရှိသည့်အနက် ကြွက်ဖောက်ခြင်း၊ ရေစိုခြင်းများရှိနေပြီး ကျန်ဆန်ကောင်းအချို့ကို ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်ကပြောသည်။

ဦးပေါင်လွင်မင်းထန်က “  ၂၀၁၇ ခုနှစ်အတွင်းမှာ ဆန်အိတ်တွေကို အပေါ်အောက်တစ်ခါပြန်လှန်တယ်။ ဒီနှစ်ကျတော့ ကြွက်ဖောက်တာရော၊ ရေထိတဲ့အတွက် ပျက်သွားတဲ့ဟာတစ်ချို့ရှိတယ်။ ၂၅၀၀ အိတ်လောက်ကနေ အခုအိတ်ပေါင်း ၂၂၀၀ လောက်အကောင်းကျန်တယ်။ အဲအထဲမှာ လူစားလို့မရတော့တဲ့ဟာတွေရှိတယ်။ ကြွက်တွေဖောက်ပြီး ကြွက်သေးတွေရှိတဲ့ဟာတွေပေါ့။ဒီနှစ်ကတော့ မိုးရာသီကာလအတွက် လုပ်ထားတာဖြစ်တဲ့အတွက် မိုးလည်းကုန်နေပြီဆိုတော့ အခုအိတ်ငါးရာလောက်ချန်ထားပြီး ကျန်တာကိိုထုတ်ပြီး နောက်နှစ်အတွက် ဆန်တွေပြန်ဝယ်မယ်။ အဲဒီငါးရာကို လည်း ဆောင်းတွင်းလောက်ကျမှ ပြန်ထုတ်ပြီးပြန်ရောင်းမယ်။ ပြီးတော့ နောက်နှစ်အတွက်ပြန်ဝယ်မယ်” ဟုပြောသည်။

စက်တင်ဘာလ (၂၀) ရက်နေ့ကစပြီး မကောင်းတော့သည့်ဆန်များ၊ စားရန်မသင့်တော်တော့သည့် စားသောက်ကုန်များ၊ အထည်များကိုလည်း စည်ပင်ကား (၆) စီးဖြင့်သယ်ကာ မြို့ပြင်တွင် မီးရှို့ခဲ့ပြီးဖြစ်သည်။

စားသောက်ကုန်များမှာ သက်တမ်းကုန်ဆုံးခြင်းဖြစ်ပြီး ဆန်များပျက်စီးရခြင်းမှာ ဂိုဒေါင်မရှိခြင်းကြောင့်ဖြစ်ပြီး မြို့တော်ခန်းမနှင့် ခရိုင်စုပေါင်းရုံးဂိုဒေါင်တွင်ထားရခြင်းဖြစ်ကြောင်း၊  ယခုနှစ်တွင် ဆန်ထားသည့် အောက်ဖက်ကြိုးသွားခြင်းကြောင့် စက်တင်ဘာလတွင် အမြန်ကုန်လှယ်ရခြင်းဖြစ်ကြောင်း၊ ပစ္စည်းများသိုလှောင်ရန် ဂိုဒေါင်တစ်ခု အသစ်ထပ်ဆောက်သွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးကပြောသည်။

စားသောက်ကုန်များသက်တမ်းကုန်ဆုံးခြင်း၊ ဆန်အချို့ပျက်စီးခြင်းနှင့်ပတ်သက်ပြီး ပြည်သူအချို့မှ အစိုးရ၏ ထိန်းသိမ်းမှုအပေါ် ပြစ်တင်ဝေဖန်မှုရှိနေခဲ့သည်။

ဝန်ကြီးဦးပေါင်လွင်မင်းထန်က “ တစ်ချို့ကမေးတယ်။ ဘာလို့ အခုလိုပျက်စီးသွားအောင်ထားသလဲပေါ့။ အခုမှ နှမြောစရာတော့ဖြစ်တာပေါ့။ ဒါပေမယ့် အခုဟာက သဘာဝဘေးကျခဲ့သော်ဆိုပြီးတော့ အရန်လှောင်ထားတာဖြစ်တယ်။ ဘုရားကျေးဇူးတော်ကြောင့် ဒီနှစ်ကြီးကြီးမားမားသဘာဝဘေးမဖြစ်တော့ အဆင်ပြေတာပေါ့။ တစ်ဖက်မှာ နှမြောစရာကောင်းပေမယ့် တစ်ဖက်မှာ ချင်းပြည်နယ်က ဘုရားကျေးဇူးတော်ခံစားတယ်လို့ပြောလို့ရတယ်လို့ သုံးသပ်နိုင်တယ်” ဟုပြောသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...