Media ကော်နာ ပါမည့် ချင်းပြည်နယ်လွှတ်တော်ရုံးသစ်နှစ်မကုန်ခင် ဖွင့်လှစ်မည်

Media ကော်နာ ပါမည့် ချင်းပြည်နယ်လွှတ်တော်ရုံးသစ်နှစ်မကုန်ခင် ဖွင့်လှစ်မည်
by -
Salai Khup Khup

သတင်းမီဒီယာသမားများ သတင်းယူနိုင်မည့် အခန်းသီးသန့်ပါရှိသည့် ချင်းပြည်နယ် လွှတ်တော်ရုံးအသစ်ကို ယခုနှစ်မကုန်ခင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ချင်းပြည်နယ်လွှတ် တော် ဒုဥက္ကဌဦးအောင်သန်းကပြောသည်။

ချင်းပြည်နယ်လွှတ်တော်ဒုဥက္ကဌဦးအောင်သန်းက “လွှတ်တော်ရုံးဖွင့်ဖို့က ရုံးရှေ့က လမ်းပေလေးဆယ်ကျယ် ကွန်ကရစ်လမ်းလုပ်ဖို့ ကျန်သေးတယ်။ ပြီးတော့ ခြံစည်းရိုး၊ မီးကြိုးသွယ်ဖို့နဲ့ CCTV တပ်ဖို့၊ Sound System တွေလုပ်ဖို့ကျန်သေးတယ်။ လုပ်ငန်းအားလုံးတော့ပြီးပြီ။ လာမယ့်ဘတ်ဂျက်နှစ်မှာ ထပ်လုပ်ဖို့လည်းရှိသေးတယ်။ ရုံးကိုတော့ ဆောင်းရာမှာပြီးပြီး ဖွင့်နိုင်ဖို့မှန်းထားတယ်” ဟုပြောသည်။

အသစ်တည်ဆောက်ထားသော ချင်းပြည်နယ် လွှတ်တော်ရုံးတွင် သတင်းသမားများ အတွက် သီးသန် ့အခန်းများကိ်ုလည်းကောင်း၊ အခြားအဖွဲ ့အစည်းမှ လာရောက်လေ့လာလိုသူများအတွက်နေရာများကိုလည်း စီစဉ်ထားကြောင်း ဦးအောင်သန်းကပြောသည်။

လက်ရှိချင်းပြည်နယ်လွှတ်တော်ကို ချင်းပြည်နယ်အစိုးရရုံးနှင့် တွဲထားခြင်းကြောင့် နေရာအခက်အခဲဖြစ်ခြင်း၊ ရေးရာကော်မတီရုံးခန်းမရှိခြင်း၊ သတင်းသမားများနှင့် လေ့လာလိုသူများအတွက် နေရာမပေးနိုင်ကြောင်း သူကပြောသည်။

ဦးအောင်သန်းက “အရင်လွှတ်တော်က နေရာကျဉ်းတာပေါ့။ ရေးရာကော်မတီအစည်းအဝေးခန်းမတောင်မရှိဘူး။ အခုနေရာမှာ ရေးရာကော်မတီအစည်းအဝေးခန်းမတွေလည်း သီးသန့်ထားထားသလို အခန်းဖွဲ့စည်းပုံလည်း အရင်ကထက်ကျယ်တယ်။ ရိပ်သာနဲ့ပါတွဲထားတော့ လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရရိပ်သာမှာ တည်းစရာမလိုတော့ဘူး။ ကားပါကင်တွေလည်း နေရာကျယ်ကျယ်ထားလို့ရပြီ” ဟုပြောသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...