ဖလမ်းမြို့နယ်ရေပေးဝေရေးကို အောက်တိုဘာလတွင် စတင်အကောင်ထည်ဖော်ပြီး (၂၀၁၉) ဇွန်လအပြီး (၉)ကြာဆောင်ရွက်တော့မည်ဖြစ်ကြောင်း စည်ပင်လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဦးစိုးထက်က ချင်းဝေါ်လ်သတင်းဌာနကိုပြောသည်။
“အရင်ကအပြင်ဘက် အကျယ်(၄)လက်မပိုက်နဲ့ လုပ်ပေးမယ်ဆိုတာကို (၅)လက်မပိုက်နဲ့ တိုးပြီးလုပ်ပေးမယ်လို့ သဘောတူညီချက်ယူတယ် အခုကုမ္မဏီရဲ့ သုံးသပ်ချက်နဲ့ ပြည်နယ်ကော်မတီရဲ့ သုံးသပ်ချက်နဲ့ အခုကပြည်နယ်ကော်မတီရဲ ့သုံးသပ်ချက်မရသေးဘူး အဲဒါရပြီးတာနဲ့ အောက်တိုဘာလထဲမှာ စလုပ်မှာဖြစ်တယ် အမှန်ကစက်တင်ဘာလလည် လောက်မှာ စာချုပ်အသစ်ချုပ်ဖြစ်လို့ရှိရင် ကျွန်တော်တို့ ကော်မတီဘက်က နည်းနည်းနောက်ကျနေလို့ပါ အောက်တိုဘာလဒုတိယပက်လောက်မှာ စတင်ဆောင်ရွက်ဖြစ်မယ် ထင်တယ်၊ ဆောင်ရွက်တဲ့ကုမ္ပဏီ အရင်က တင်ဒါအောင်တဲ့ ကုမ္ပဏီကဘဲ ဆက်လုပ်သွားမှာပါ”ဟု ချင်းပြည်နယ် စည်ပင်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်မှ ပြောသည်။
ဖလမ်းမြို့ရေပေးဝေရေး စီမံကိန်းကို ၂၀၁ရခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့သော်လည်း လုပ်ငန်းပိုင်းဆိုင်ရာ အဆင်မပြေမှုများကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရပြီး အောက်တော်ဘာလတွင် ပြန်လည်စတင်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
စီမံကိန်းကြာမြင့်မည့်အချိန်နှင့်ပတ်သတ်ပြီး စည်ပင်ဝန်ကြီးဦးစိုးထက်မှ “ကျွန်တော်တို့ ဖလမ်းမြို့ပေါ်ရောက်တဲ့ အထိကို သန်းလေးထောင်ရှစ်ရာ့ငါးဆယ် အကုန်ကျခံဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြီးဖို့က အချိန်ကိုးလကြာတယ်ဆိုတော့ (၂၀၁၉)ဇွန်လလောက်မှပြီးမယ် ဒါပေမဲ့ အဲဒီထက်စောအောင်ပြီးဖို့ စီစဉ်နေပါတယ် ဘာလို့လည်းဆိုတော့ လေယဉ်ကွင်းတည်ဆောက်ဖို့အခုဆိုရင် ကွန်ကရက်လောင်းတော့မှာဆိုတော့ ရေလိုနေတယ်ဆိုတော့ အဲဒီအတွက်ကို မြန်မြန်လေးတော့ လုပ်ခိုင်းထားတယ်”ဟု ဖြည့်စွက်ဖြေကြားခဲ့သည်။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့တွင်းရေဖြန့်ချီနိုင်ရန် ရေပိုက်လိုင်းများအတွက်လည်း ငွေတောင်းခံပြီးပြီဖြစ်ပြီး ဖလမ်းစည်ပင်နှင့် မြို့မိမြို့ဖများနှင့်တွဲပြီး ဆောင်ရွက်ရန်လည်း စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
ဖလမ်းမြို့နေ ဦးငွန်ဟဲက “ဝန်ကြီးပြောတာတော့ (၆)လက်မပိုက်နဲ့ (၅)လက်မပိုက်လိုင်းနှစ်ခုနဲ့ ဖလမ်းအထိရောက်မယ်လို့ ပြောတယ် အောက်တိုဘာလ လဆန်းပိုင်းလောက်ကနေ စတင်ပြီးပြုလုပ်မယ်လို့ ဆွေးနွေးပွဲမှာပြောပါတယ်။ ၈လက်မနဲ့ ၆လက်မပိုက်နဲ့လုပ်ဖို့ စာချုပ်အရတော့ ဖြစ်ပေမဲ့ (၆)နဲ့ (၅)လုပ်ပေးမယ်ဆိုတော့ လက်ခံပါတယ် ချင်းပြည်နယ်အစိုးရ အပေါ်ကိုကျေးဇူးလည်းတင်ပါတယ်။”ဟုပြောသည်။







