မွန်ပြည်နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသူ ၁၀၃ ဦး ရှိ

မွန်ပြည်နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသူ ၁၀၃ ဦး ရှိ
by -
နောင်ခန့်

မွန်ပြည်နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသူ ၁၀၃ ဦး ရှိကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(သတ္တမနေ့)၌ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့် သက်တမ်းတိုးလျှောက်ထားသူ ၈၉ ဦး၊ လမ်းခင်းကျောက်ထုတ်လုပ်ခွင့် လိုင်စင်အသစ် လျှောက်ထားသူ ၁၃ ဦးနှင့် ဂဝံကျောက်ထုတ်လုပ်ခွင့် သက်တမ်းတိုးလျှောက်ထားသူ တစ်ဦး ရှိကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်ရှိ ကျောက်မိုင်းလုပ်ငန်းများနှင့် ကျောက်ထုတ်လုပ်ငန်းများ သည် အခွန်ဦးဌာန၏ အခွန်ငွေကင်းရှင်းကြောင်း ထောက်ခံချက်ရမှ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် သမ္မတရုံးက ညွှန်ကြားထားကြောင်း မွန်ပြည်နယ်အခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မူမူစောက ပြောသည်။

“ကျွန်မတို့ဆီကနေပြီးတော့ ဝင်ငွေခွန်ဖြစ်ဖြစ်၊ ကုန်သွယ်ခွန်ဘဲဖြစ်ဖြစ် ကင်းရှင်းကြောင်း ထောက်ခံရမှ လိုင်စင်ထုတ်ပေးဖို့ သမ္မတရုံးက ညွှန်ကြားထားပါတယ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ကလဲ ညွှန်ကြားထား ပါတယ်၊ ၂၈. ၆. ၂၀၁၇ ကတည်းက ညွှန်ကြားထားတယ်”ဟု ဒေါ်မူမူစောက ပြောသည်။

မွန်ပြည်နယ်ရှိ လမ်းခင်းကျောက်ထုတ်လုပ်မှု၌ ကျောက်ကျင်းအရေတွက် ကွာခြားမှု မရှိစေရန် လာမည့်ဘဏ္ဍာရေးနှစ်တွင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် အခွန်ဦးစီးဌာနတို့ အခွန်ငွေ ပေါင်းစပ်ကောက်ခံရန် ညှိနိုင်ထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးလှဝင်းတင်က ပြောသည်။

“အခွန်ကိစ္စကျတော့ ဌာနက ထုပ်လုပ်တဲ့ကျင်း အရေတွက်အရ ၁၀၀၀ ထုတ်ရင် ၂၅၀၀ ကျပ်နှုန်းနဲ့ ဆောင်ရတယ်၊ အခွန်ဦးစီးဌာနကတော့ chack & balane ရှိရဲ့လား၊ ကျွန်တော်တို့ရဲ့chack & balane က ဘာတွေဖြစ်လာလည်းဆိုတော့ အခွန်ဦးစီးဌာနရဲ့ကောက်ခံတဲ့ပုံစံတွေ ရှိပါတယ်၊ ဒီနေရာမှာလည်း နည်းနည်း ၀ိ၀ါဒကွဲနေတဲ့ အပိုင်းလေးက တိုင်တောတာ ဖြစ်ခဲ့ပါတယ်၊ တစ်ချို့ကလည်း အခွန်ကောက်တယ်၊ အချို့ကျ အခွန်မကောက်ဘူး၊ ပြန်ဆန်းစစ်တော့ ထုတ်လုပ်မှုတန်ဖိုး၊ ရောင်းချမှုတန်ဖိုး သိန်းငါးရာရှိမှ အခွန်ဝန်ထမ်းလို့ သတ်မှတ်တာ၊ အခွန်ထမ်းဖြစ်တဲ့ပုဂ္ဂိုလ်က ၇၁ ဦးရှိပြီးတော့၊ အခွန်ထမ်းမဖြစ်တဲ့ ပုဂ္ဂိုလ်က ၆၃ ဦးရှိတယ်၊ ဒါလည်းထွေအုပ်၊ အခွန်ဦးစီးတို့ ပြန်ပြီးညှိနှိုင်းရမယ့်ကိစ္စဖြစ်ပါတယ်”ဟု ဦးလှဝင်းတင်က ပြောသည်။

မွန်ပြည်နယ်အတွင်း ယခင်နှစ်က လမ်းခင်းကျောက်ထုတ်လုပ်သည့် လုပ်ငန်းရှင် မော်လမြိုင်ခရိုင်တွင် ၂၁ ဦးနှင့် သထုံခရိုင်တွင် ၈၀ ဦးပြီး ပြည်ထောင်စုအစိုးရက တပြေးညီသတ်မှတ်ထားသောနှုန်းဖြင့် ကျောက်တုံးကျောက်ခဲ၊ ဂဝံ၊ ကျောက်စရစ်၊ သဲကျောက်၊ ထုံးကျောက်၊ နှမ်းပတ်ကျောက်၊ လိပ်သဲကျောက် တစ်ရာကုဗပေ ၂၅၀၀ ကျပ်နှုန်း၊ စကျင်ကျောက်၊ ဂေါ်ဒန်ကျောက် တစ်ရာကုဗပေ ၃၀၀၀ ကျပ် နှုန်းကောက်ခံလျက်ရှိကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...