ချင်းအမျိုးသားပါတီ(၃)ခု ပေါင်းစည်းရေးဆိုင်ရာ သဘောတူစာချုပ် စက်တင်ဘာ ၂၉ရက်နေ့တွင် ရေးထိုးမည်

ချင်းအမျိုးသားပါတီ(၃)ခု ပေါင်းစည်းရေးဆိုင်ရာ သဘောတူစာချုပ် စက်တင်ဘာ ၂၉ရက်နေ့တွင် ရေးထိုးမည်

ချင်းအမျိုးသားပါတီ(၃)ခု ပေါင်းစည်းရေးဆိုင်ရာ သဘောတူစာချုပ်ကို ရန်ကုန် မြို့မှာ စက်တင်ဘာလ(၂၉)ရက်နေ့တွင် လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း ချင်းတိုးတက်ရေးပါတီ(CPP)မှ ဥက္ကဌဦးနိုထန်ကပ်ကပြောသည်။

ချင်းတိုးတက်ရေးပါတီ(CPP)ဥက္ကဌဦးနိုထန်ကပ်က “၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုတော့ ပြည်သူတွေက အနှိုင်ရစေခြင်တာပေါ့ကျွန်တော်တို့လည်းအနှိုင်ရပြီးတော့ လွှတ်တော်ထဲဝင်ပြီး လွှတ်တော်ထဲကနေ ချင်းတိုင်းရင်းသား လူမျိုးအရေးကို ထဲထဲဝင်ဝင် တင်ပြဆွေးနွေး နှိုင်မယ်၊ ကျွန်တော်တို့အခြေနေကြည့်ဖို့က ပြည်ထောင်စုအဆင့်အနေနဲ့ချင်းပါတီတွေကို ဒီသုံးပါတီကပေါင်းပါ ပြီးတော့မှကျန်တဲ့ပါတီတွေကလိုက်လာမယ် တိုင်းရင်းသားတွေ စည်းစည်းလုံးလုံး အသံတစ်သံ ထွက်စေမယ်လို့ယုံကြည်တယ် ဒေသဖွံ ့ဖြိုးရေးမှစ ကိုယ့်အမျိုးသားရေးနဲ့ကိုယ့်အမျိုးဘာသာရေးမှစ တစ်ပါတီတည်ထောင်လိုက်ရင် အကျိုးရှိမယ် စည်းလုံးညီညွက်ရေးလည်း ပိုမိုအားကောင်းလာမယ်လို့ယုံကြည်တယ်” ဟုပြောသည်။

အဆိုပါသဘောတူလက်မှက်ရေးထိုးကြမည့် ပါတီများမှာ - ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP)နှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CLD) တို့ဖြစ်ကြသည်။

သူကဆက်ပြီး “ (၂၀၁၀)ရွေးကောက်ပွဲမှာ ပြည်သူဘက်ကအသံအမျိုးမျိုးထွက်တယ် မင်းတို့မကောင်းလို့မဲကွဲတယ် အနှိုင်မရတာ အဲတာမျိုးတွေဖြစ်တဲ့ခါတော့ဘယ်လိုတုန့်ပြန်ရမလဲ ဒါကိုလည်းစောင့်ကြည့်ရမှာပေါ့လေ ကျွန်တော်ဘက်ကတော့ ပြည်သူတွေရဲ့အကြောင်းပြချက် အကုန်လုံးကို လုပ်ပေးရမှာဘဲ ပြည်သူကိုအခြေခံပြီးဖွဲ့တဲ့ပါတီဘဲလေ နင်တို့ပါတီသုံးခုခွဲနေတော့ ဘယ်ပါတီကိုမဲပေးရမှာမသိလို့နောက်ဆုံး သူများပါတီကို မဲပေးတယ်ဆိုတဲ့အသံကိုလည်း တိတ်သွားအောင် ကျွန်တော်တို့ဘက်ကလည်း တာဝန်ကျေဖို့လိုတယ်လေ”ဟုပြောသည်။

စက်တင်ဘာလ(၂၉)ရက်နေ့တွင် ပါတီသုံးခုမှ လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး အဆိုပါလက်မှတ်ရေးထိုးပွဲကို မြို့နယ်ကိုးခုရှိ လူကြီးအသီးသီး နှင့် ဂျာနယ်အသီးသီးကို လည်းသတင်းလာရောက်ယူနိူင်ရန် ဖိတ်ကြားသွားမည်ဖြစ်သည်ဟု ဦးနိုထန်ကပ်ကပြောသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...