ဟားခါးမြို့ မြို့မစျေးတည်ဆောက်ခြင်းလုပ်ငန်း လာမယ့်နှစ် မတ်လတွင် အပြီးသတ်တည်ဆောက်နိုင်မည်ဟုဆို

ဟားခါးမြို့ မြို့မစျေးတည်ဆောက်ခြင်းလုပ်ငန်း လာမယ့်နှစ် မတ်လတွင် အပြီးသတ်တည်ဆောက်နိုင်မည်ဟုဆို

ချင်းပြည်နယ် ဟားခါးမြို့ရှိ မြို့မစျေးတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ခုနှစ် မတ်လတွင် အပြီးသတ်တည်ဆောက်နိုင်မည်ဟု ဟားခါးမြို့နယ် စည်ပင် အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိမ်းမှ ပြောသည်။
 

“မြို့နယ်စည်ပင် ကနေပြီးတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ အဆောက်အအုံ အထူးအဖွဲ့ ၉ ကို ချင်းပြည်နယ်အစိုးရရဲ့ မေတ္တာရပ်ခံပေးမှုကြောင့်သူတို့ကဆောင်ရွက်သွားမှာပါ အဆောက်အအုံအဖွဲ့ ၉ က ကုမ္မဏီလည်းမဟုတ်တဲ့အတွက်အကျိုးမယူတော့ဘဲ ဌာနချင်းချိပ်ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ အခုဆိုရင်ဖောင်တေးရှင်းကနေ ပေလေးဆယ်နိုတ် ပြီးတော့ ပထဝီမြေအနေထားတွေကိုလည်း ကြည့်ပြီးတော့ နောင်နှစ်ပေါင်းများစွာခံအောင် ဒါကို အဆောက်အုံအထူးအဖွဲ့ ၉ က​​နေ​ဆောင်ရွက်နေပါတယ် သူတို့မျာ်မှန်းပေးတာကတော့ (၂၀၁၉) မတ်လအတွင်း ပြီးမယ်လို့ တော့ သူတို့ ကရက်သက်မှတ်ထားတာပေါ့ သူတို့ အဆင်ပြေမယ်လို့ လည်းယူဆရပါတယ်”ဟု ဟားခါးမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိမ်းမှပြောသည်။

ဟားခါးမြို့ မြို့မစျေးတည်ဆောက်ခြင်းလုပ်ငန်းကို ယခင်က Design Excel Company မှ တာဝန်ယူတည်ဆောက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခိုင်းခဲ့ပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးအဖွဲ့ကိုးအား တာဝန်ယူတည်ဆောက်စေခြင်းဖြစ်ကြောင်း သိရသည်။

သူကဆက်ပြီး “စျေးတည်ဆောက်လုပ်ဖို့ နိုင်ငံတော်သမ္မအထူးရန်ပုံငွေကသိန်းပေါင်းကခြောက်ထောင် သန်းခြောက်ရာပေါ့ စျေးသူစျေးသားတွေထည့်ဝင်ငွေကသန်းသုံးရာပေါ့ သိန်းကိုးထောင်နဲ့ လုပ်မယ်လို့ ရည်ရွယ်ထားတာဖြစ်တယ် ဒါကိုအဆောက်အုံကိုက နောက်ထပ်ထည့်သွင်းတည်ဆောက်ဖို့ လိုအပ်တာတွေရော သေချာတွက်ချက်ကြည့်တော့ သိန်းတစ်သောင်းကျော်လောက်ကုန်မယ်လို့ ခန့်မှန်းထားပါတယ်"ဟု ဖြေကြားခဲ့သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...