ထန်တလန်မြို့ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးသေဆုံးခဲ့မှု ကြောင့် ပြည်သူ့ဆေးရုံတာဝန်ခံကို ရှေးဦးစစ်ဆေးမှုပြုလုပ်

ထန်တလန်မြို့ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးသေဆုံးခဲ့မှု ကြောင့် ပြည်သူ့ဆေးရုံတာဝန်ခံကို ရှေးဦးစစ်ဆေးမှုပြုလုပ်
by -
Salai Benezer

ထန်တလန်မြို့ပြည်သူ့ဆေးရုံမှာကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီးပြည်သူ့ဆေးရုံတာဝန်ခံကို ပြည်နယ်အဆင့် တာဝန်ရှိသူများက ရှေးဦးစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်းသိရသည်။

“ဌာနဆိုင်ရာရဲ့လုပ်ထုံးလုပ်နည်းအရမီဒီယာလိုမျိုးမှာပါလာတဲ့ကိစ္စရပ်တွေဆိုရင် ရှေးဦးစစ်ဆေးရေးလုပ်ရတယ်။တိုင်ကြားမှုရှိမရှိနဲ့မဆိုင်ဘူး။ရှေးဦးစစ်ဆေးမှုကိုပြည်နယ်ဆေးရုံအုုပ်ကြီးကဦးဆောင်ပြီး သားဖွားမီးယပ်အထူးကုဆရာဝန်တွေနဲ့ စစ်ဆေးတာဖြစ်တယ်လိုု့ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကစီမံအုပ်ချုပ်ရေးအရာရှိဦးနိန်ဟုန်း”ကပြောသည်။

ထန်တလန်မြို့ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ပျက်ကျမှုကြောင့် ဆေးရုံတက်ခဲ့သည့် ကိုယ်ဝန်ဆောင် မ Lal Dim Rem ဆေးရုံတက်ပြီးနှစ်ရက်အကြာ သြဂုုတ်လ ၁၁ ရက်နေ့မှာသေဆုံးခဲ့ပြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆေးရုံတာဝန်ခံ က Hakha Post စာစောင်မှာဖြေရှင်းချက်ရေးခဲ့တဲ့အတွက် အပြန်အလှန် သတင်းချေပရာကနေစပြီးအခုလို တာဝန်ရှိသူတွေက ရှေးဦးစစ်ဆေးမှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သေဆုံးသူ၏ မိသားစုဝင် ဦးဗန်အုပ်မှ “ကျွန်တော်တို့ တူမဟာ ကိုယ်ဝန်ပျက်ကျလို့ ဆေးရုံတက်ရတာဖြစ်တယ်။ ဒါပေမဲ့ ဓာတ်မှန်ရိုက်တဲ့အချိန်မှာကလေးဟာ နှလုံးခုန်သေးတာကြောင့် ခွဲစိတ်မှုမလုပ်ပေးနိုင်သေးဘူးလို့တာဝန်ရှိသူတွေက ပြန်ပြောခဲ့တယ်။အဲဒီနောက်မှာသူ့ဒဏ်ရာအရမ်းနာလာတဲ့အခါမှာ ဆရာဝန်ကို ခွဲစိတ်ပေးဖို့ သုံးကြိမ်တိတိပြောပေမဲ့ မခွဲစိတ်ပေးခဲ့ဘူး။ နောက်ဆုံးဒဏ်မခံနိုင်တဲ့အဆုံးမှာသေဆုံသွားတယ်။ ဆေးရုံတက်နေတုန်းမှာ ဆရာဝန်တွေ သေချာမကြည့်ပေးတဲ့ကိစ္စတွေ သူနာပြုတွေကိုညပိုင်းသွားနှိုးရင် ချက်ခြင်းမလာတဲ့ကိစ္စတွေရှိပေမဲ့ ကျွန်တော်တို့ ကံဆိုးတာကြောင့်လို့ပဲမှတ်ယူပြီးသူတို့ကိုဘာမှအပြစ်မတင်ပါဘူး။ ဒါပေမဲ့ သတင်းစာမှာသေဆုံးမှုနဲ့ ပတ်သက်ပြီးဖြေရှင်းချက်ပါလာတော့ အင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်အနေနဲ့ ပြောချင်တာတော့ ဒီကိစ္စလိုမျိုးနောက်ပိုင်းမဖြစ်ရအောင် ဆေးရုံကိုလာတက်တဲ့လူတိုင်းကို ဆေးရုံတာဝန်ရှိတဲ့သူတွေအနေနဲ့ ကြပ်ကြပ်မတ်မတ် သေသေချာချာလေး ကြည့်ရှုစောင့်ရှောက်ပေးစေချင်ပါတယ်”ဟု ဖြေကြားခဲ့သည်။

ရှေးဦးစစ်ဆေးရေးလုပ်ပြီးနောက်ပိုင်းတွင် နှစ်ဖက်ကျေအေးမှုလုပ်မည်မလုပ်မည်နှင့် ထပ်ပြီးစစ်ဆေးဖို့လိုရင် စုံစမ်းစစ်ဆေးရေးကော်တီဖွဲ့ပြီး ထပ်မံစစ်ဆေးမှုလုပ်မလုပ်ကိုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးနိန်ဟုန်းမှ ဖြည့်စွက်ပြောခဲ့သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...