မော်လမြိုင်ရှိ မူလတန်းကျောင်းတစ်ကျောင်းဖောက်ထွင်းခံရ မိုင်းထောင်ထားသည်ဟုပါ ခြိမ်းခြောက်ခဲ့

မော်လမြိုင်ရှိ မူလတန်းကျောင်းတစ်ကျောင်းဖောက်ထွင်းခံရ မိုင်းထောင်ထားသည်ဟုပါ ခြိမ်းခြောက်ခဲ့
by -
နောင်ခန့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက် အမှတ်(၂)မူလတန်းလွန်ကျောင်းတွင် ပြီးခဲ့သည့်ကျောင်းပိတ်ရက်အတွင်း ဖောက်ထွင်းမှုဖြစ်ပွားခဲ့ကြောင်းနှင့် မိုင်းထောင်ထားသည်ဟု ခြိမ်းခြောက်စာကို ကျောင်း၏ ဘုတ်ပေါ်တွင်ပါရေးသားခဲ့သည်ကို တွေ့ရှိရကြောင်း ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖောက်ထွင်းမှုကြောင့် ကျောင်းရှိငွေကျပ်ငါးသိန်းပျောက်ဆုံးခဲ့သည့်အပြင် ကျောင်းတွင်မိုင်းထောင်းထားသည်နှင့် အခြားသော စာများကို ကျောင်း၏ ကျောက်သင်ပုန်းတွင် ရေးသားထားသည်ကို တွေ့ရသည်ဟု ကျောင်းတာဝန်ခံထံမှ သိရသည်။

ကျောင်း၏ ကျောက်သင်ပုန်းဘုတ်တွင် ရေးသားထားသော စာများမှာ သေချင်ရင် ဒီကျောင်းဖွင့်ထား ရှင်ချင်ရင် ဒိကျောင်းပိတ်နော်ဟုလည်းကောင်း၊ ငါတို့မိုင်းဆင်ထားတယ်ဟုလည်းကောင်း၊ ဒီကျောငါးပိတ် မဟုတ်ရင်သေကုန်မှာ ဟုလည်းကောင်း၊ ကျောင်းအုပါကိုပြောလိုက် ပိုက်ဆံမရှိလို့ ဒီလိုလုပ်တာ နောက်ခါပိုက်ဆံထည့်ထား မထည့်ရင်သေမယ်ဟုလည်းကောင်း၊ တနင်္လာနေ့ (သြဂုတ်လ ၂၇ ရက်နေ့) ၁၁:၁၅ မိနစ်ကျောင်းကလူတွေသေမယ်ဟုလည်းကောင်း၊ငါကလစ်ရင်လစ်သလိုသတ်မှာကွဟုလည်းကောင်းရေးသားထားသည်။

ယင်းအဖြစ်အပျက်များကြောင့် ဆရာများနှင့် ကျောင်းသူ/သားမိဘများ စိုးရိမ်ခဲ့ပြီး ကျောင်းသူကျောင်းသားများကို နေအိမ်ကိုပြန်ခေါ်ခဲ့ကြသည်။

မိုင်းထောင်ခြင်းဟု ခြိမ်းခြောက်ခြင်းအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ကျောင်းအတွင်း၌ မိုင်းရှိမရှိကို ရှာဖွေစစ်ဆေးရှင်းလင်းခဲ့သည်။

 

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...