ဆိုင်ကယ်နှင့်လူသာသွားလာလို့ရသည့် ကလေးမြို့ အနောက်မြောက်ဘက်ရှိ နတ်တံ ခါးချောင်း တံတားပြီးစီး

ဆိုင်ကယ်နှင့်လူသာသွားလာလို့ရသည့် ကလေးမြို့ အနောက်မြောက်ဘက်ရှိ နတ်တံ ခါးချောင်း တံတားပြီးစီး
by -
Salai Khup Khup
(photo: Salai Jesse)
(photo: Salai Jesse)

ဆိုင်ကယ်နှင့်လူသာသွားလာလို့ရသည့် ကလေးမြို့အနောက်မြောက်ဘက်ရှိ နတ်တံခါးချောင်း တံတားပြီးစီးသွားပြီဖြစ်သဖြင့် ယဉ်ကြီးများမှလွဲပြီး ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ပြီဖြစ် ကြောင်း လက်ပံချောင်းကျေးရွာမှ လူမှုရေးလုပ်ငန်း တတ်ကြွလှုပ်ရှားသူ ဆလိုင်းဂျက်စီကပြောသည်။

ဆလိုင်းဂျက်စီက“ချောင်းတံတားတော့ပြီးစီးသွားပြီ။ ဒါပေမဲ့သုံးဘီးတွေ ကားတွေ ကတော့ဖြတ်လို့မရဘူး။ ဘာလို့လည်းဆိုတော့ တံတားက ငါးပေအကျယ်လောက်ဘဲ ဆိုတော့ စက်ဘီး၊ဆိုင်ကယ်၊ဆိုက်တွဲတွေလောက်တော့သွား လာလို့ရနေပြီ” ဟုပြောသည်။

သူကဆက်ပြီး “အခုချောင်းတံကိုတော့ ဆွီဇီလန်နှိုင်ငံသား Mr.Tony က ဆိုင်ကယ်နဲ့ လူသွားလာရေးလွယ်ကူ အောင်လာဆောက်ပေးသွား တာ”ဟုပြောသည်။

နှစ်စဉ်မိုးရာသီတိုင်း တောင်ကျရေကြီးမှုကြောင့် နှစ်စဉ်ပြည်သူများဒုက္ခရောက်ရသည့် နတ်တံခါးချောင်း၏ တစ်ဖက်ကမ်းတွင် ကျေးရွာပေါင်း ဆယ့်နှစ်ရွာတည်ရှိပြီး အဆိုပါကျေးရွာများတွင် အထက်တန်းကျောင်းနှင့် ဆေးရုံများမရှိသည့်အပြင် ကျန်းမာရေး၊ စီးပွားရေးများအတွက် အဓိကသွားလာရေးအတွက် နတ်တံခါးချောင်းကို အသုံးပြုကြရသည်။

၂၀၁၄ ခုနှစ်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကိုယ်တိုင်ဖွင့်လှစ်ခဲ့သည့် ကွန်ကရစ်တံတားမှာ ၂၀၁၅ ခုနှစ်တွင် တောင်ကျရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် အတွက် ဝေဋုကျော်ဖောင်ဒေးရှင်နှင့် ဒေသခံပြည်သူများပူးပေါင်းကာ ယာယီစတီးကြိုး တံတားတည်ဆောက်ခဲ့သော်လည်း ထပ်မံပျက်စီးခဲ့သည်။ ထို့နောက် ဆွီဇီလန်နိုင်ငံသား မှ တံတားအတွက် ၂၀၁၆ ခုနှစ်တွင် လာရောက် တည်ဆောက်ပေးသော်လည်း ၂၀၁၇ ခုနှစ်တွင် ပြန်လည်ပျက်စီးခြင်းကြောင့် ယခု ၂၀၁၈ ခုနှစ်တွင် ပြန်လည်တည်ဆောက်ပေးဖြစ်သည်။

တံတားတည်ဆောက်မှုမပြီးခင်က ချောင်းရေဖြတ်နိုင်ရန်အတွက် ပုဂ္ဂလိက စက်လှေ ပိုင်ရှင်များမှ အခကြေးငွေယူကာ တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်း သယ်ယူပို့ဆောင်ရေးဆောင်ရွက်ခဲ့သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...