ပြည်သူများသောက်သုံးနေသောရေများသန့်ရှင်းစင်ကြယ်အောင် အမြန်ဆုံးလုပ်ဆောင်သွားမည်ဟု ပလက်မြို့စည်ပင်အရာရှိမှပြော

ပြည်သူများသောက်သုံးနေသောရေများသန့်ရှင်းစင်ကြယ်အောင် အမြန်ဆုံးလုပ်ဆောင်သွားမည်ဟု ပလက်မြို့စည်ပင်အရာရှိမှပြော

ပလက်ဝမြို့ပြည်သူများ သောက်သုံးနေသော ရေများသန့် ရှင်းစင်ကြယ်အောင် အမြန်ဆုံး စနစ်တကျကြပ်မက်သွားမည်ဟု ပလက်ဝမြို့စည်ပင်သာယာရေးကော်မတီ အဖွဲ့အလုပ်မှုဆောင်အရာရှိ ဦးဗန်ဇာအုပ်ကပြောသည်။

ပလက်ဝမြို့ စည်ပင်သာယာရေးကော်မတီအဖွဲ့ အလုပ်မှုဆောင်အရာရှိ ဦးဗန််ဇာအုပ်က “ရိတ်ခါရက်ကွက် အိမ်မွေးတိရတ္ဆာန် စည်းကမ်းမဲ့စွန့်တဲ့ဟာတွေ ရေတံခွန်အပေါ်ဘက်လူနေအိမ်တွေကို အိမ်သာဆောက်တာတွေ သေသေချာချာစနစ်တကျ ကြီးကြပ်ရမှာ” ဟုပြောသည်။

လက်တလောတွင် ပလက်ဝမြို့ပြည်သူများ သောက်သုံးနေသော သင်းသေချောင်းရေထဲတွင် E.Coli ဘက်တီးရီးယားပိုးများကို NGO အဖွဲ ့စည်းတစ်ခုဖြစ်သော GRET က၎င်းတို့ သုတေသနလေ့လာတွေ ့ရှိချက်ကို ဇူလိုင်လဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

သူကဆက်ပြီးတော့ “ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တော့မတွေ့ဖြစ်သေးဘူး အခုမကြာခင်လုပ်ရတော့မှာ ဝမ်းလျှောတာတွေမျိုးတော့ရှိတယ် E.Coli ဘက်တီးရီးကြောင့်ဖြစ်တယ်လို့တော့အတည်ပြုလို့မရသေးဘူး စည်ပင်ကနေဘဲ ထပ်ပြီးတော့လုပ်ရမှာ အညီလိုရင်လည်း အရပ်ဘက်အဖွဲ့စည်းဖြစ်တဲ့(CSO)အဖွဲ့စည်းကို အကူညီတောင်းမယ်”ဟုပြောသည်။

ကန်ပက်လက်ဆေးရုံအုပ် ဒေါတ်တာမှုန်ထန်က “အစာအိမ်လမ်းကြောင်းနဲ့ သွားတဲ့ဟာမျိုးဆိုတော့ ခုခံအားနည်းတဲ့ သူဆိုရင်ကူးဆက်ဖို့လွယ်ကူတယ် တော်ယုံနဲ့ကူးဆက် တတ်တဲ့ဘက်တီးရီးယားမျိုးလည်းမဟုတ်ပါဘူး အနီးကပ်ဆုံးမှာရှိတဲ့သူတော့ကူးဆက်ခံဖို့ နီးဆက်တာပေါ့” ဟုပြောသည်။

E.Coli ဘက်တီးရီးယားပိုးဟာ မစင်မှတစ်ဆင့်ပေါက်ပွားလာသောပိုးဖြစ်ပြီး ၎င်းပိုးပါသောရေကို သောက်သုံးမိပါက ဝမ်းလျှော၊ ဗိုက်အောင့်ဖြစ်ပေါ်စေနှိုင်ပြီး ပေါ့ ဆမိပါက အသက်အန္တရယ်ထိပါဆုံးရှုံးနှိုင်ကြောင်းပြောသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...