ကန်ပက်လက်မြို့နယ် ခါရိုင်းရွာ အထက (ခွဲ) ကျောင်းတွင် ယနေ့အချိန်ထိ ကျောင်းဆရာမ မရောက်ရှိလာသေး

ကန်ပက်လက်မြို့နယ် ခါရိုင်းရွာ အထက (ခွဲ) ကျောင်းတွင် ယနေ့အချိန်ထိ ကျောင်းဆရာမ မရောက်ရှိလာသေး

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ရှိ ခါရိုင်းရွာ အ.ထ.က (ခွဲ)တွင် ကျောင်းဖွင့်ချိန် နှစ်လဝန်းကျင်ကြာပြီဖြစ်သော်လည်း တာဝန်ကျ ကျောင်းဆရာမ ယနေ့ အချိန််ထိ ရောက်ရှိလာခြင်းမရှိသေး ဟုဒေသခံများကပြောသည်။

“ခါရိုင်း အ.ထ.က(ခွဲ) မှာမှုလတန်းပြအဖြစ် ၂၀၁၆ ခုနှစ်လောက်မှာခန့် တယ် တကယ်တမ်းကြတော့ ခါရိုင်းရွာကိုရောက်မလာဘူး။ အဲဆရာမက ခါရိုင်းကနေ မဆာတွီး်ရွာ အ.ထ.က (ခွဲ)ကျောင်းမှာလည်း တွဲဖက်တာဝန်ချထားခံရတာဖြစ်တယ်။ ခါရိုင်းရွာကိုတစ်ခါမှ မရောက်ဘူး။ အခုတစ်ခါ အလယ်တန်းပြရာထူးနဲ့ ခါရိုင်းရွာကိုဘဲရာထူးတိုးနဲ့ ပြန်ခန့်တယ်။ ဒါပေမဲ့ ခါရိုင်းရွာကို တစ်ခါမှမရောက်တဲ့အတွက် ကလေးတွေရဲ ့ ပညာရေးနစ်နာတယ်”ဟု အဆိုပါကိစ္စကို လိုက်လံဆောင်ရွက်ပေးနေသူ ကန်ပက်လက်မြို့ခံတစ်ဦးထံမှ သိရသည်။

ကျောင်းဆရာမ ရောက်မလာခြင်းနှင့် ပါတ်သတ်ပြီး ခါရိုင်းရွာခံများ၏ ပြောပြချက်အရ ခါရိုင်း(အ.ထ.က)ခွဲအဖြစ် စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အချိန်ထိ ဆရာ/ဆရာမ များ ခန့်ထားသော်လည်း ရောက်လာခြင်းမရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပါတ်သတ်ပြီး ကန်ပက်လက် နယ်ပညာရေးမှုး ဦးဟေးလွန်ကို ဆက်သွယ်မေးမြန်းရာ “ခါရိုင်းကနေ ပထမကျတာ အမိန် ့စာမှားနေတယ်ဆိုပြီး ကျွန်တော်တို့ အထက်ကိုတင်တယ်။ အဲတာနဲ့ ပြန်ပြင်ပေးတော့ ကန်ပက်လက် အ.ထ.က(ခွဲ)ကို အဲဆရာမပြန်ရောက်တယ် ။ အမိန့် စာမှားတာပါ လိုအပ်တဲ့ ကျောင်းဆရာ/ဆရာမတွေလည်းခန့်ထားတယ်။ နေရာ ပြည့်ပြီးသားနေရာကို ထပ်ခန့် မလားလို့ ရွာကလူတွေက ထင်နေကြတာ တကယ်တော့ နားလည်မှုလွဲတာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ကျောင်းဆရာမမှာ မှုလတန်းပြအဖြစ် (၂၀၁၆) ခုနှစ်မှစပြီး ကန်ပက်လက်မြို ့နယ်ပညာရေးရုံးမှ ခန့် အပ်ထားစဉ်ကလည်း ရောက်လာခြင်းမရှိဘဲ ယခုတွင် အလယ်တန်းပြရာထူးတိုးဖြင့် ကန်ပက်လက် (အ.ထ.က)(ခွဲ)တွင် တာဝန်ထမ်းဆောင်လျှက်ရှိသည်ဟု ဒေသခံများကပြောသည်။

 

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...