မိုးတွင်းကာလ ဝန်ထမ်းအပြောင်းအရွှေ့တစ်လအတွင်း နှစ်ကြိမ်ပြုလုပ်မှုအပေါ် ကျောင်းဆရာ/မ အချို့မကျေနပ်

မိုးတွင်းကာလ ဝန်ထမ်းအပြောင်းအရွှေ့တစ်လအတွင်း နှစ်ကြိမ်ပြုလုပ်မှုအပေါ် ကျောင်းဆရာ/မ အချို့မကျေနပ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ပညာရေး ကျောင်းဆရာ/ဆရာများ အပြောင်းအရွှေ့ကို တစ်လအတွင်း နှစ်ကြိမ်ပြုလုပ်မှု အပေါ် ကျောင်းဆရာ/ဆရာများအနေဖြင့် မကျေနပ်မှုများရှိနေသည်ဟု ပလက်ဝသတင်းအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ပြည်နယ်ပညာရေးမှူးရုံး ဟားခါးမြို့မှ ဇွန်လ ၁၉ ရက်နေ့တွင် အမိန့်စာဖြင့် ဆရာ/ဆရာမများကို ပြောင်းရွှေ ့အလုပ်ခန့်ခဲ့ပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် မြို့နယ်ပညာရေးမှူးရုံးမှပြန်လည် ထပ်မံကာ ပြောင်းရွှေ ့စေခဲ့သည်။

တာဝန်ကျဆရာ/ဆရာမများအနေဖြင့် အပြောင်းအရွှေ ့ကျရာ နေရာ တွင်ရောက်ရှိပြီး (၁) လမပြည့်သေးခင် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် နေရာတွင်ပြန်လည် တာဝန်ထမ်းဆောင်စေခဲ ့ ခြင်းဖြစ်သည်။ 

အမည်မဖော်လိုကျောင်းဆရာတစ်ဦးက “ပထမအမိန် ့စာမထုတ်ခင် သေချာစိစစ်ပြီး ထုတ်သင့်ပါတယ်။ ယခုလို ကလေးကစားစရာလို ပြန်သွားခိုင်း လာခိုင်းတော့မဖြစ်သင့်ပါဘူး။ ရုံးစာကိုဖြစ် သလိုမထုတ်သင့်ပါဘူး”ဟုပြောသည်။

အပြောင်းရွေ ့အမိန့်စာကြောင့် ကျောင်းဆရာ/ဆရာမများအနေဖြင့် မိုးရာသီ ကာလဖြစ်သည့်အတွက် လမ်ပန်းဆက်သွယ်ရေး ခက်ခဲချိန်ဖြစ်သကဲ့သို့ ပစွည်းများ ပြောင်းရွေ့ရာတွင်လည်း အခက်အခဲဖြစ်ကြောင်း အပြောင်းရွှေ့ခံရသူ ကျောင်းဆရာမတစ်ဦးကပြောသည်။



 

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...