မိုးတွင်းကာလ ဝန်ထမ်းအပြောင်းအရွှေ့တစ်လအတွင်း နှစ်ကြိမ်ပြုလုပ်မှုအပေါ် ကျောင်းဆရာ/မ အချို့မကျေနပ်

မိုးတွင်းကာလ ဝန်ထမ်းအပြောင်းအရွှေ့တစ်လအတွင်း နှစ်ကြိမ်ပြုလုပ်မှုအပေါ် ကျောင်းဆရာ/မ အချို့မကျေနပ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ပညာရေး ကျောင်းဆရာ/ဆရာများ အပြောင်းအရွှေ့ကို တစ်လအတွင်း နှစ်ကြိမ်ပြုလုပ်မှု အပေါ် ကျောင်းဆရာ/ဆရာများအနေဖြင့် မကျေနပ်မှုများရှိနေသည်ဟု ပလက်ဝသတင်းအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ပြည်နယ်ပညာရေးမှူးရုံး ဟားခါးမြို့မှ ဇွန်လ ၁၉ ရက်နေ့တွင် အမိန့်စာဖြင့် ဆရာ/ဆရာမများကို ပြောင်းရွှေ ့အလုပ်ခန့်ခဲ့ပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် မြို့နယ်ပညာရေးမှူးရုံးမှပြန်လည် ထပ်မံကာ ပြောင်းရွှေ ့စေခဲ့သည်။

တာဝန်ကျဆရာ/ဆရာမများအနေဖြင့် အပြောင်းအရွှေ ့ကျရာ နေရာ တွင်ရောက်ရှိပြီး (၁) လမပြည့်သေးခင် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် နေရာတွင်ပြန်လည် တာဝန်ထမ်းဆောင်စေခဲ ့ ခြင်းဖြစ်သည်။ 

အမည်မဖော်လိုကျောင်းဆရာတစ်ဦးက “ပထမအမိန် ့စာမထုတ်ခင် သေချာစိစစ်ပြီး ထုတ်သင့်ပါတယ်။ ယခုလို ကလေးကစားစရာလို ပြန်သွားခိုင်း လာခိုင်းတော့မဖြစ်သင့်ပါဘူး။ ရုံးစာကိုဖြစ် သလိုမထုတ်သင့်ပါဘူး”ဟုပြောသည်။

အပြောင်းရွေ ့အမိန့်စာကြောင့် ကျောင်းဆရာ/ဆရာမများအနေဖြင့် မိုးရာသီ ကာလဖြစ်သည့်အတွက် လမ်ပန်းဆက်သွယ်ရေး ခက်ခဲချိန်ဖြစ်သကဲ့သို့ ပစွည်းများ ပြောင်းရွေ့ရာတွင်လည်း အခက်အခဲဖြစ်ကြောင်း အပြောင်းရွှေ့ခံရသူ ကျောင်းဆရာမတစ်ဦးကပြောသည်။



 

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...