မင်းတပ်မြို့တွင် က.ည.န ရုံးပြန်ထားပေးရန် မင်းတပ်လူမှုအဖွဲ့အစည်းများတောင်းဆို

မင်းတပ်မြို့တွင် က.ည.န ရုံးပြန်ထားပေးရန် မင်းတပ်လူမှုအဖွဲ့အစည်းများတောင်းဆို

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ််မြို့ နယ်အတွင်း ယခင်ထားရှိ်ခဲ့ဖူးသော က. ည. န ရုံးအားအမြန်ဆုံးပြန်လည်ချထားပေးရန် မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့ အစည်းမှ ဇွန်လ(၃)ရက်နေ့ တွင် သဘောထားထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါသဘောထားထုတ်ပြန်ချက်တွင်- ချင်းပြည်နယ်အတွင်းသို့ လိုင်စင်မဲ့ယာဉ်များ ဝင်မလာစေရေးကြီးကြပ်ဆောင်ရွက်ပေးရန်။ ယာဉ်အရောင်းဆိုင်များစိစစ်ပေးပြီး လိုင်စင်မဲ့ယာဉ်ရောင်းဝယ်မှုများအား အရေးယူပေးရန်။ အခွန်ပြေစာမပေးသော (၃၂၅၀၀) ကျပ်ကောက်ခံမှုများအား အမြန်ဆုံးပြန်လည်ပေးအပ်ရန်၊ ဒဏ်ကြေးပေးဆောင်ခိုင်းသောငွေကြေးများအား အမြန်ဆုံးပြန်လည်ပေးအပ်ရန်။ ယခင်ထားရှိခဲ့ဖူးသော က. ည . န ရုံးအားအမြန်ဆုံးပြန်လည်ချထားပေးရန် တို့ဖြစ်သည်။

က.ည.န ရုံးအမြန်ဆုံးပြန်လည် ချထားပေးရန် နှင့်ပက်သက်ပြီး မင်းတပ်မြို့ အရပ်ဖက်အဖွဲ ့စည်းမှ ဆလိုင်းမာန်အွမ်က "ပြည်ထောင်စုကုန်းလမ်းပို ့ဆောင်ရေးဝန်ကြီးဌာန ရုံးကို လိပ်မူပြီးမှ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်မှာ ဟိုတုန်းကထားခဲ့ဘူးတဲ့ က. ည . န ရုံးကို ဘာဘဲဖြစ်ဖြစ်ပြန်ပေးသင့်တယ်၊ အမြန််ဆုံးပြန်လည်ချထားပေးနိုင်ဖို့အတွက် နဲ့ ယာဉ်အမျိုးအစား အရေအတွက်နဲ့ အချက်အလက်တွေကိုစုပြ်ီးတင်ပြဖို့ ရှိတယ်" ဟုပြောသည်။

ချင်းပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် မင်းတပ်မြို့ တွင် (၂၈.၆.၂၀၁၈)မှ စတင်ပြီး (၂.၇.၂၀၁၈)အထိ ဒေသနံပါတ်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေး ရန်အကြောင်းပြုပြီး ယာဉ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းအား ဒဏ်ကြေးငွေ အဖြစ်သတ်မှတ်ကောက်ခံခြင်းအပေါ် လည်း မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် ကန့်ကွက်ရှုံ့ချခဲ့ကြသည်။

ဆိုင်ကယ်လိုင်စင်ကြေးကို ဆိုင်ကယ်တန်ဖိုး၏ ထက်ဝက်ပေးရခြင်းနှင့်ပက်သက်ပြီး မင်းတပ်မြို ့နယ်လွှတ်တော် အမတ်များ မှလည်း မသိရှိကြောင်း ပြည်သူလူထုအနေဖြင့် ပို၍ပင် အခြေအနေမသိကြောင်း၊ ကြောက်လို ့လိုင်စင်ကြေး ငါးဆယ်ရာခိုင်နှုန်းကို ပေးဆောင်ရသည့် ပုံစံဖြစ် နေကြောင်း မင်းတပ်မြို့ဒေသခံ ဦးအောင်ပိုင်းထန်းက ပြောသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...