ကြားဖြတ်ရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင်း ယှဉ်ပြိုင်မည့်အမည်စာရင်း အဲန်အယ်ဒီပါတီမှ အတည်ပြု

ကြားဖြတ်ရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင်း ယှဉ်ပြိုင်မည့်အမည်စာရင်း အဲန်အယ်ဒီပါတီမှ အတည်ပြု

ကြားဖြတ်ရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင်း ယှဉ်ပြိုင်မည့် အဲန်အယ်ဒီပါတီ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဇွန်လ (၂၉) ရက်နေ့က အတည်ပြု ထုတ်ပြန်လိုက်ပြီဖြစ်သည်။

ချင်းပြည်နယ်အတွင်း မတူပီမြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် ကန်ပက်လက်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး လစ်လပ်နေခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ မဲဆန္ဒနယ် နှစ်နေရာ၏ လွှတ်တော်ကိုယ်စားလှယ် (၂) ဦးမှာ သေဆုံးသွားခြင်းကြောင့် လစ်လပ်ရခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဇွန်လ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အဲန်အယ်ဒီပါတီကိုယ်စားပြု ကြားဖြတ်ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်အတွင်း လစ်လပ်သည့် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဦးညွှန့်ဝင်း နှင့် မတူပီမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) ကိုယ်စားလှယ်နေရာအတွက် ဦးအောင်ထန်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ကိုယ်စားလှယ်လောင်းအဖြစ် ပါတီဗဟိုမှ အတည်ပြုလိုက်သည့် ကိုယ်စားလှယ်လောင်း ဦးညွှန့်ဝင်းက “ မြို့နယ် အလုပ်အမှုဆောင်တွေရဲ့ ဆုံးဖြတ်ချက်အတိအကျတော့မရနိုင်သေးဘူး။ ကြားဖြတ်ရွေးကောက်ပွဲမဝင်ဖို့ တင်းမာတဲ့အဖွဲ့နဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုပြီး နှစ်ဖွဲ့တော့ရှိနေသေးတယ်။ ပြန်ညှိနှိုင်းဖို့တော့လိုသေးတယ်။ ကျွန်တော်ကတော့ ပြိုင်ဖို့အဆင်သင့်ပါပဲ။ ၂၀၁၅ တုန်းကလည်း ပြည်သူ့လွှတ်တော်နေရာအတွက် အမည်စာရင်း နှစ် ဦးတင်သွင်းတဲ့စာရင်းမှာလည်း ပါခဲ့တာပေါ့။ ပြည်သူ့လွှတ်တော်ကိုယ်စားနေရာက ဒီမြို့နယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အတွက် အစကတည်းက ပြိုင်ဖို့စဉ်းစားတာပေါ့နော်” ဟုပြောသည်။

ကန်ပက်လက်မြို့နယ် အဲန်အယ်ဒီပါတီဝင်များအနေဖြင့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဌလည်းဖြစ်၊ ချင်းပြည်နယ် အဲန်အယ်ဒီပါတီ ဥက္ကဌဖြစ်သူ ဦးဇိုဘွဲ၏ စီမံခန့်ခွဲမှု သဘောမကျခြင်းကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးနှင့်ပတ်သက်ပြီး မြို့နယ်ကော်မတီအတွင်း ဆွေးနွေးရအုံးမည်ဖြစ်ကြောင်း ဦးညွှန့်ဝင်းကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအတွင်း ချင်းပြည်နယ်တွင် အဲန်အယ်ဒီပါတီမှ အများစုအနိုင်ရရှိပြီး ပြည်ခိုင်ဖြိုးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ လည်းအနိုင်ရရှိခဲ့ကာ အခြားချင်းပါတီများ တစ်နေရာမှ အနိုင်မရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...