မွန်အမျိုးသားကျောင်းအတွက် လိုအပ်သော ထောက်ပံ့ငွေကို ပြည်နယ်အစိုးရထံမှ တောင်းဆိုမည်

မွန်အမျိုးသားကျောင်းအတွက် လိုအပ်သော ထောက်ပံ့ငွေကို ပြည်နယ်အစိုးရထံမှ တောင်းဆိုမည်
by -
နောင်ခန့်

မွန်အမျိုးသားကျောင်း(၁၀)ကျောင်းမှတောင်းဆိုလာသောထောက်ပံ့ကြေးငွေ သိန်း(၅၀၀) ရရှိရန်ပြည်နယ်အစိုးရထံသို့တင်ပြတောင်းဆိုသွားမည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဒေါက်တာအောင်နိုင်ဦးက ပြောသည်။

၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာဘဏ္ဍာရေးနှစ်တွင် မွန်တိုင်းရင်းသားတို့၏ စာပေယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၁၀၀၀)ကို ပြည်နယ်အစိုးရထောက်ပံ့ပေးခဲ့သည်။

(၁၉)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ စာဖြေပွဲအခမ်းအနားတွက် ငွေကျပ်သိန်းငါးရာကိုသုံးစွဲခဲ့ပြီး ကျန်ရှိနေသည့်ငွေကျပ်သိန်းငါးရာကို မွန်အမျိုးသားကျောင်းများအား ထောက်ပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဒေါက်တာအောင်နို်င်ဦးကပြောသည်။

“မွန်အမျိုးသားကျောင်းတွေကိုလည်း ထောက်ပံ့ပေးသင့်တယ်လို့ယူဆတယ်။ ဒီကျောင်းတွေဟာ စာပေယဉ်ကျေးမှုကို တစ်ဖက်တစ်လမ်းကနေထောက်ပံ့ပေးနေတဲ့ကျောင်းဖြစ်တယ်။ သူတို့ရဲ့လိုအပ်ချက်တွေဖြစ်တဲ့ ကျောင်းပရိဘောဂဖြစ်စေ အဆောက်အဦးဖြစ်စေ ထိုက်သင့်တဲ့ကူညီထောက်ပံ့မှုတစ်ခုတော့ ရှိသင့်တယ်” ဟု၄င်းကပြောသည်။

တောင်းဆိုလာသော အဆိုပါမွန်အမျိုးသားကျောင်းများအတွက် ထောက်ပံ့ကြေးငွေရရှိအောင် ပြည်နယ်အစိုးရအဖွဲ့၏ ကတ်ဘိနက်အစည်းအဝေးသို့ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကပြောသည်။

လက်ရှိအခြေအနေအရ မွန်အမျိုးသားကျောင်းများ၏ အဆောက်အဦး ၆ဝရာခိုင်နှုန်းခန့်မှာ ပျက်စီးယိုယွင်းနေပြီး နိုင်ငံတော်၏ထောက်ပံ့မှုမရှိသည့်အတွက် ရပ်ရွာအကူညီဖြင့် ပြန်လည်ပြုပြင်နေရကြောင်း သိရသည်။

၂၀၁၇-၁၈ခုနှစ်ပညာသင်နှစ်စာရင်းအရ အဆိုပါမွန်အမျိုးသားကျောင်း ၁ဝကျောင်းမှာ ဆရာ/ဆရာမ (၇၇) ဦးဖြင့် ကျောင်းသားကျောင်းသူ (၁၅၁၄) ဦးတို့ကိုသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...