ဒုတိယဖားကန့်အဖြစ် နာမည်ကြီးနေသော ကျိုက်ထိုမြို့နယ် ကျောက်မိုင်းများကို ယာယီပိတ်ခိုင်းထားဟု မွန်ဝန်ကြီးချုပ်ပြော

ဒုတိယဖားကန့်အဖြစ် နာမည်ကြီးနေသော ကျိုက်ထိုမြို့နယ် ကျောက်မိုင်းများကို ယာယီပိတ်ခိုင်းထားဟု မွန်ဝန်ကြီးချုပ်ပြော

ဒုတိယဖားကန့်ဟုလူမှုကွန်ယက်တွင်ဝေဖန်နေသည့် ကျိုက်ထိုမြို့နယ်ရှိ ကျောက်မိုင်းများကို မေလ ၂၆ ရက်နေ့က ယာယီပိတ်ခိုင်းထားကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောသည်။

ကျိုက်ထိုမြို့နယ်၊ ကမ်းနီးကျေးရွာအုပ်စုနှင့် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုရှိ ကျောက်မိုင်းများကို သထုံခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှူးကို ချက်ချင်းစစ်ဆေးခိုင်းခဲ့ကြောင်း ၎င်းက ပြောသည်။

“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကိုလည်း ကမ်းနီးကျေးရွာအုပ်စုနှင့် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုရှိ ကျောက်မိုင်းအပြင် ပေါင်မြို့နယ်က ကျောက်မိုင်းတွေပါ လိုက်စစ်ဆေးခိုင်းထားတယ်၊ ပိတ်ရတော့မယ် ကျောက်မိုင်းတွေ ဖြစ်လာတယ်၊ တစ်ချို့ကျောက်မိုင်းတွေက သဘာဝပတ်ဝန်းကျင်ဥပဒေကို နားမလည်ဘူး”ဟု ဒေါက်တာအေးဇံက ပြောဆိုသည်။

ကျိုက်ထိုမြို့နယ်တွင် ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ လိုင်စင်ချထားပေးသည့် လိပ်သဲကျောက်မိုင်း ၅၂ မိုင်းနှင့် ဂဝံမိုင်း နှစ်မိုင်းရှိကြောင်း အဆိုပါ ဦးစီးဌာနရုံး၏ စာရင်းအရ သိရသည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...