မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို လူ ၁၂၀၀ ခန့်ဝင်ရောက်ဖြေဆို

မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို လူ ၁၂၀၀ ခန့်ဝင်ရောက်ဖြေဆို
by -
နောင်ခန့်

(၁၉)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ စာဖြေပွဲအခမ်းအနားကို မေလ(၂၁)ရက်နေ့က မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ၂၅၀၀ ကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါစာဖြေပွဲတွင် မုတ္တမသမိုင်း၊ ဟံသာဝတီသမိုင်း၊ သုဝဏ္ဏဘူမိသမိုင်း၊ မွန်ယဉ်ကျေးမှုသမိုင်း၊ အဘိဓမ္မာ၊ မွန်စာပေသမိုင်း စတဲ့ဘာသာရပ်(၆)မျိုးကို ဖြေကြားခဲ့သည်။

စာဖြေပွဲကို မွန်ဒေသလုံးဆိုင်ရာအဖွဲ့တွေဖြစ်တဲ့ မန္တလေး၊ရန်ကုန်၊ ပဲခူး၊ ကရင်ရှိ မြို့နယ် (၁၈) မြို့နယ်မှ ကျောင်းသူ ကျောင်းသားပေါင်း (၁၂၀၁) ဦးတို့က လာရောက်ဖြေဆိုကြသည်။

လာရောက်ဖြေဆိုကြသည့် ကျောင်းသူကျောင်းသားများမှာ ဆန်ခါတင်ရွေးချယ်ခံထားရသူများဖြစ်ပြီး တစ်မြို့နယ်ကို (၉၀) ဦးအထိဖြေဆိုခွင့်ပြုထားကြောင်း သိရသည်။

မွန်ဘာသာစကား စာပေ ယဉ်ကျေးမှုဓလေ့ထုံးစံကို ထိန်းသိမ်းဖော်ထုတ်မြှင့်တင်ဖို့ရည်ရွယ်ပြီး ဒီအခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ အထွေထွေအတွင်းရေးမှူး နိုင်မွန်ရာဇာကပြောသည်။

အခုလိုစာဖြေပွဲဖြစ်မြောက်ဖို့အတွက် မွန်ပြည်နယ်အစိုးရကလည်း ကျပ်သိန်း(၅၀၀) ထောက်ပံ့ထားပေးတယ်လို့ သိရသည်။

ဆုပေးပွဲအခမ်းအနားကိုတော့ လာမည့် မေလ(၂၇)ရက်နေ့တွင် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ မရမ်းကျောင်းတိုက်မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...