ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို ပြည်သူလူထု ၈၀ ခန့် ဆန္ဒထုတ်ဖော်

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို ပြည်သူလူထု ၈၀ ခန့် ဆန္ဒထုတ်ဖော်

ပြည်သူလူထုအကျိုးကိုစီးပွားကို ပူးပေါင်းကူညီဆောင်ရွက်ပေးခြင်းမရှိဘဲ ဥပဒေမဲ့ဆောင်ရွက်နေသည်ဟုဆိုကာ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို မော်လမြိုင်မြို့တွင် ဧပြီလ ၃ ရက်နေ့ နေလည်ပိုင်းက ပြည်သူလူထု ၈၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

မော်လမြိုင်မြို့၊ ဗိုလ်ချုပ်ပန်းခြံရှေ့မှ အထက်လမ်းမကြီးအတိုင်း အ.ထ.က(၆)မီးပွိုင့်မှ ဆင်းကာ အောက်လမ်းမကြီးမှ တစ်ဆင့် ကမ်းနားလမ်းရေပေါ်စျေးထိ ပြည်သူအကျိုးအတွက် ကွင်းဆင်းကူညီဆောင်ရွက်ပေးခြင်းမရှိသော ပေါင်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်(အလိုမရှိ)၊ ပြည်သူအကျိုးဆောင်ရွက်မည်ဆိုသည့် ၁၅ မိနစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်(အလိုမရှိ)၊ ပြည်သူလူထုအကျိုးစီးပွားကို ဖျက်ဆီးဆောင်ရွက်နေမှုများ(ချက်ခြင်းရပ်)၊ ဒေသခံတောင်သူများကို ကူညီဆောင်ရွက်ပေးသူအား နှေင့်ယှက်တိုင်းကြားသူ(ဒို့ရန်သူ) စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ဘာဖြစ်လို မကျေနပ်လဲဆိုတော့ လယ်မဲ့ ယာမဲ့ လယ်သမားတွေက သူကိုယ့် အကူအညီ အကြိမ်ကြိမ်တောင်းခံတယ်၊ စာတွေလည်း ခုနှစ်ဆောင်ထိ ပိုခဲ့ဖူးပါတယ်၊ အဲဒါကို ကူညီဆောင်ရွက်ခြင်းလဲ မရှိတဲ့အတွက် ကျွန်တော်တို့က သွားတွေ့တဲ့၊ သူနဲ့သွားတွေတဲ့အချိန်က ၁၁ နာရီနီးပါးပေါ့၊ ပြီးခဲ့တဲ့ ၂၀၁၇ က ကျွန်တော်ကိုယ့် ၁၅ မိနစ်စောင့်ပေးပါလိုု့ပြောလိုက်တာ ညနေ ၅ နာရီမှ မုတ္တမကိုပြန်လာရပါတဲ့ခင်ဗျား၊ အဲကနေပြီးတစ်ခါမှ ကွင်းဆင်းခြင်းမရှိ ကျွန်တော်တို့အတွက် ကူညီဆောင်ရွက်ပေးခြင်းမရှိလို့၊ အခု ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေကိုလဲအမျိုးမျိုး ကျွန်တော်တို့ကိုတိုက်ဖျက်လို့ ကျွန်တော်တို့ကလည်း မခံချင်လို့ဆန္ဒထုတ်ဖော်တယ်”ဟု ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးခင်မောင်ထွေးက ပြောသည်။

ပေါင်မြို့နယ်၊ မုတ္တမမြို့ရှိ မြေနုကျွန်းကို မြို့နယ်မြေစာရင်းက လာရောက်ကြည့်ရှုခဲ့ပြီး လယ်မဲ့ ယာမဲ့ လယ်သမားများနှင့် တွေ့ဆုံခဲ့ကြောင်း ၎င်းက ဆိုသည်။

“လွှတ်တော်မှာ မေးခွန်းမေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်တယ်။ မုတ္တမမှာ ပြီးခဲ့သည့်လပိုင်းက မြေနုကျွန်း ပေါ်တယ် မြေနုကျွန်းပေါ်တဲ့အပေါ်မှာ မြေနုကျွန်းဝေခွဲရေးကိစ္စ တန်းစီဇယားပေါ့ စဆွဲတဲ့ကိစ္စတွေမှာ ဥပဒေနဲ့ မညီဘူးဆိုပြီးတော့ ပြည်သူတွေက တိုင်ကြားတဲ့၊ တိုင်ကြားတော့ ကျေးရွာလယ်စီကို စာရွက်တောင်းကြည့်လိုက်တော့ တန်းစီဇယားကို ကြည့်လိုက်တော့ လူတစ်ဦးတစ်ယောက်က ၄၁ ကိုထည့်တယ် ပြီးတော့ လယ်မဲ့ ယာမဲ့စုံစမ်းကြည့်တော့ ၃၀၀ လောက်ရှိတယ်၊ သူတို့တွေလည်း မသိကြဘူး၊ နစ်နာတဲ့ပြည်သူတွေက ထက်တိုင်တဲ့၊ သူတို့လဲ ဒီနိုင်ငံသားပဲ မြေနုကျွန်းနဲ့အနီးဆုံးသူတွေပဲ၊ ကျွန်တော်က ဥပဒေနဲ အညီဖြစ်စေဖိုု့ပဲ”ဟု ပေါင်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောသည်။

ပြည်သူအစိုးရအသစ်လက်ထက်မှာ အခုလိုမျိုး နိုင်ငံသားများက ဆန္ဒထုတ်ဖော်သော သူတို့၏ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသည့် အခြေခံဥပဒေမှာ ပေးထားသည့် အခွင့်အရေးကို ပြည့်ပြည့်ဝဝ အသုံးချနိုင်သောကြောင့် ကြိုဆိုကြောင်း ဦးထွန်းမင်းအောင်က ပြောသည်။

မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းဝေး(ပထမနေ့) မတ်လ ၂၂ ရက်နေ့တွင် မုတ္တမမြေနုကျွန်း ခွဲဝေချထားမှုနှင့် ပတ်သက်၍ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က မေးခွန်းမေးမြန်းထားသည်။

ဦးထွန်းမင်းအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။ ယခင်အပတ်ကလည်း ကျိုက်မရောဘုရားကြီးတွင် ကျိုက်မရောမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်သုံးဦးအား သာသနာရေးကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်သည်ဟုဆိုကာ ဆန္ဒပြရှုပ်ချမှုတစ်ခုဖြစ်ပွားခဲ့သေးသည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...