စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြော

စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြော

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြောသည်။

မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းထားပြီးဖြစ်သည့် အပန်းဖြေစခန်းများ၊ တိိရိစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်ဥပဒေအရ ကော်မတီများဖွဲ့စည်းခြင်း၊ ခွင့်ပြုချက်လိုင်စင်များထုတ်ပေးခြင်းများကို ဆောင်ရွက်ခွင့်ရှိရာ ဥပဒေအရ သဘောတူခွင့်ပြုချက် လိုင်စင်များထုတ်ပြန်ပေးခဲ့သည့် လုပ်ငန်းများအခြေအနေကို သထုံမြို့နယ်၊ မဲဆန္ဒနယ်မြေ(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နမဝပုံမှန်အစည်းအဝေး(တတိယနေ့)တွင် မေးမြန်းခဲ့စဉ် ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

စိမ်းလဲ့တင်အပန်းဖြေစခန်း ၅ ဧက၊ စိမ်းလဲ့တင် တိရစ္ဆာန်ဥယျာဉ် ၇ ဧကနှင့် စိမ်းလဲ့တင် Adventure Land အတွက် ၁၀ ဧကကို မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ လိုင်စင်လျှောက်ထားခဲ့ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် အပန်းဖြေစခန်း၊ ကလေးကစားကွင်း၊ ရေကူးကန်နှင့် တိရစ္ဆာန်ဥယျာဉ်များမှာ ကျိုက်ထိုမြို့နယ်တွင် စိမ်းလဲ့တင်၊ ဆောင်နိုင်ကြီး၊ ပေါင်မြို့နယ်တွင် မုတ္တမမိသားစုကမ္ဘာ၊ မော်လမြိုင်မြို့တွင် မွန်မင်းလမ်းရေကူးကန်း၊ မုဒုံမြို့နယ်တွင် ကျွန်းနှစ်ပင် သံဖြူဇရပ်မြို့နယ်တွင် ၂၁ ပါရာဒိုက်တို့ဖြစ်ပြီး ဥပဒေအရ လုပ်ငန်းလိုင်စင် လျှောက်ထားခဲ့သည်မှာ ဆောင်နိုင်ကြီးနှင့် စိမ်းလဲ့တင်တို့ နှစ်ခုသာရှိကာ ဆောင်နိုင်ကြီးမှ ဥပဒေနှင့် အညီ လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

စိမ်းလဲ့တင် Adventure Land ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...