စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြော

စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြော

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြောသည်။

မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းထားပြီးဖြစ်သည့် အပန်းဖြေစခန်းများ၊ တိိရိစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်ဥပဒေအရ ကော်မတီများဖွဲ့စည်းခြင်း၊ ခွင့်ပြုချက်လိုင်စင်များထုတ်ပေးခြင်းများကို ဆောင်ရွက်ခွင့်ရှိရာ ဥပဒေအရ သဘောတူခွင့်ပြုချက် လိုင်စင်များထုတ်ပြန်ပေးခဲ့သည့် လုပ်ငန်းများအခြေအနေကို သထုံမြို့နယ်၊ မဲဆန္ဒနယ်မြေ(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နမဝပုံမှန်အစည်းအဝေး(တတိယနေ့)တွင် မေးမြန်းခဲ့စဉ် ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

စိမ်းလဲ့တင်အပန်းဖြေစခန်း ၅ ဧက၊ စိမ်းလဲ့တင် တိရစ္ဆာန်ဥယျာဉ် ၇ ဧကနှင့် စိမ်းလဲ့တင် Adventure Land အတွက် ၁၀ ဧကကို မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ လိုင်စင်လျှောက်ထားခဲ့ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် အပန်းဖြေစခန်း၊ ကလေးကစားကွင်း၊ ရေကူးကန်နှင့် တိရစ္ဆာန်ဥယျာဉ်များမှာ ကျိုက်ထိုမြို့နယ်တွင် စိမ်းလဲ့တင်၊ ဆောင်နိုင်ကြီး၊ ပေါင်မြို့နယ်တွင် မုတ္တမမိသားစုကမ္ဘာ၊ မော်လမြိုင်မြို့တွင် မွန်မင်းလမ်းရေကူးကန်း၊ မုဒုံမြို့နယ်တွင် ကျွန်းနှစ်ပင် သံဖြူဇရပ်မြို့နယ်တွင် ၂၁ ပါရာဒိုက်တို့ဖြစ်ပြီး ဥပဒေအရ လုပ်ငန်းလိုင်စင် လျှောက်ထားခဲ့သည်မှာ ဆောင်နိုင်ကြီးနှင့် စိမ်းလဲ့တင်တို့ နှစ်ခုသာရှိကာ ဆောင်နိုင်ကြီးမှ ဥပဒေနှင့် အညီ လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

စိမ်းလဲ့တင် Adventure Land ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။

Most read this week

Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...