ငြိမ်းချမ်းရေး ရရန်အတွက်် အခက်အခဲများစွာနှင့် သတ္တိများစွာ မွေးမြူရင်ဆိုင်ရဦးမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ပြော

ငြိမ်းချမ်းရေး ရရန်အတွက်် အခက်အခဲများစွာနှင့် သတ္တိများစွာ မွေးမြူရင်ဆိုင်ရဦးမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ပြော

ငြိမ်းချမ်းရေးလျှောက်လှမ်းသည် ခရီးလမ်းတွင် ငြိမ်းချမ်းရေး ရရန်အတွက် အခက်အခဲများစွာနှင့် သတ္တိများစွာ မွေးမြူရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မတ်လ ၁၉ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့်လှစ်သော တိုင်းရင်သားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အဆောက်အဦးဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးလျှောက်လှမ်းတဲ့ ခရီးလမ်းဟာ ချောမွေ့မှာတော့ မဟုတ်ဘူး၊ ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်တော်တို့က အခက်အခဲများစွာနဲ သတ္တိများစွာကို မွေးမြူရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်၊ အဲဒီလို အခက်အခဲတွေ ဘယ်လိုပဲရှိပါစေ ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင်လုပ်မယ်၊ ကျွန်တော် ပြည်နယ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့အတွက် ဆုံးဖြတ်ချက်ချထားပြီးတော့ ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်ပေးကြပါ”ဟု ဒေါက်တာအေးဇံ ပြောသည်။

တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်ရန် ဒေသတစ်ခု ဖွံ့ဖြိုးတိုးတတ်ရန် ငြိမ်းချမ်းရေးက အရေးကြီးဆုံးဖြစ်ပြီး ငြိမ်းချမ်းရေးသည် အရေးကြီးဆုံးဖြစ်သလို ငြိမ်းချမ်းရေးတည်တ့ံခိုင်မြဲရန်လည်း အရေးကြီးသောကြောင့် ငြိမ်းချမ်းရေး တည်တ့ံခိုင်မြဲမှုနှင့် အတူ ဖွံဖြိုးတိုးတတ်မှုသည်လည်း အရေးကြီးကြောင်း ၎င်းက ပြောသည်။

“နေရာတိုင်းမှာ ကိစ္စတိုင်းမှာ အခက်အခဲရှိပါတယ်၊ လက်ရှိမှာလဲ ငြိမ်းချမ်းရေးအတွက် အခက်အခဲတွေရှိနေပါတယ်၊ ဒါကို ကျွန်တော်နားလည် သဘောပေါက်ပါတယ်၊ အခက်အခဲဆိုတာက မည့်သည်အလုပ်ပဲ လုပ်လုပ်၊ ပြည်နယ်ဖွံ့ဖြိုးတိုးတတ်ဖို့ပဲ လုပ်တဲ့နေရာမှာလဲ အခက်အခဲပေါင်းများရှိပါတယ်၊ သမိုင်းရဲ့ ဒဏ်ရာသမိုင်းရဲ့ ဆိုးမွေ ရှိခဲ့တဲ့ ကောင်းမွေတွေလဲရှိတာတွေရှိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးမွေ ကောင်းမွေထဲက ဆိုးမွေတွေကိုလဲ ကျွန်တော်တို့ လက်ခံ ရမှာဖြစ်သလို ကောင်းမွေတွေကိုလဲ ဆက်လက်ရှင်သန်အောင် ပြုစုပြိုးထောင်ပေးရမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာအေးဇံ ပြောဆိုသည်။

ငြိမ်းချမ်းရေး ရရှိသွားသော ပြည်နယ်မှာ ပြည်သူလူထုများအနေဖြင့် နေ့နေ့ ညည ကြောက်လန့်ခြင်း ကင်းစွာဖြင့် နေထိုင်ရသည့် ဘဝကို ရောက်ရှိလာပြီး နေ့အချိန်လဲ ကြောက်ရသည့်ဘဝမျိုး ညအချိန်လဲ ကြောက်ရသည့် ဘဝမျိုးကနေ လက်ဆုတ်လက်ကိုင် ရရှိတဲ့ အချိန်ကာလမှာ ပြည်သူလူထု အထူး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမည်ဖြစ်ကြောင်း၊ မြို့ပေါ်တွင် နေထိုင်သော ပြည်သူလူထုအချို့သည် ငြိမ်းချမ်းရေးကို သတိမမှု ဂူမမြင် ဖြစ်နေသော်လည်း ကျေးလက်တောရွာများတွင် နေထိုင်သော ပြည်သူလူထုများအတွက် ငြိမ်းချမ်းရေးသည် အမတန်အရေးကြီးသော အချက်အလက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဒါကြောင့်မို့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီက NCA လက်မှတ်ရေးထိုးခြင်းအပါအဝင် ကျွန်တော်တို့ ပြည်နယ်မှာ အခုလို တိုင်းရင်းသားရေးရာရဲ့ စာပေ၊ ယဉ်ကျေးမှု၊ စာပေကလဲ အမတန် အရေးကြီးပါတယ်၊ ကျွန်တော် စာပေဟာ ၁၉၆၂ ခုနှစ် မတိုင်ခင် အခြေအနေရောက်အောင် မနည်းကြိုးစားရဦးမှာ ဖြစ်ပါတယ်၊ ယဉ်ကျေးမှုအခြေအနေတွေကိုလဲ အဲသလိုအခြေအနေနဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်၊ အဲဒါတွေ တိုင်းရင်းသားအခွင့်အရေးတွေကိုလဲ ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ပေးရမယ် အခြေအနေတွေ ရောက်ရှိလိုလားပါတယ်”ဟု ဒေါက်တာအေးဇံ ပြောသည်။

မွန်ပြည်နယ်ငြိမ်းချမ်းရေးအတွက် အခက်အခဲဒုက္ခများ များစွာရှိသည့်ကြားကနေ အပစ်အခက်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးခဲ့သော မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်အပါအဝင် မွန်ပြည်သစ်ပါတီဝင်များကို အထူးပင် လေးစားဂုဏ်ယူမိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးသည် မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့်လှစ်သောရုံး ဖြစ်သည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...