ပြည်ခိုင်ဖြိုးပါတီမှ NCA လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီအား ဂုဏ်ပြုထောက်ခံပွဲ ပြုလုပ်

ပြည်ခိုင်ဖြိုးပါတီမှ NCA လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီအား ဂုဏ်ပြုထောက်ခံပွဲ ပြုလုပ်
by -
ရဲနိုင်

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီအား ဂုဏ်ပြုထောက်ခံပွဲကို မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် ချောင်းဆုံမြို့၊ ချောင်းဆုံအနောက်စိန်ပါတီကွင်းမှာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လားဟူဒီမိုကရက်တီယူနီယံတို့နှင့်အတူ NCA လက်မှတ်ရေးထိုးခဲ့ကြပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလမ်းပွင့်သွားမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက်အလားအလာကောင်းတစ်ရပ်ဟုယူဆကာ ပြည်သူများအနေဖြင့် NCA လက်မှတ်ရေးထိုးရေးကို သိရှိနားလည်စေလို၍ ကျင်းပရခြင်ဖြစ်ကြောင်း မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ံ့ဖြိုးရေးပါတီ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောသည်။

'' ပါတီပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ် ဒါတွေဟာ ခွဲခြားစရာမလိုဘူး၊ အမျိုးသားရေးနဲ့ဆိုင်တဲ့ကိစ္စတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံမှာ အရေးကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ကိစ္စတွေလည်းဖြစ်တဲ့အတွက် အဲဒါတွေကို ကျွန်တော်တို့ပါတီဦးဆောင်လို့ဆိုတဲ့အမြင်ထက်စာရင် အားလုံးက ပူးပေါင်းြ့ပီးတော့ ဒါတွေကိုဆောင်ရွက်သင့်တယ်လို့မြင်ပါတယ် '' ဟု ၄င်းက ပြောကြားသည်။

အဆိုပါဂုဏ်ပြုထောက်ခံပွဲသို့အင်အား ၃၀၀ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...