မွန်ပြည်သစ်ပါတီနှင့် ကေအင်န်အယ်လ်အေတို့ ပစ်ခတ်မှုဖြစ်

မွန်ပြည်သစ်ပါတီနှင့် ကေအင်န်အယ်လ်အေတို့ ပစ်ခတ်မှုဖြစ်
by -
ရဲနိုင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ မာန်အောင်ကျေးရွာအနီးတွ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်သစ်ပါတီနှင့် ကေအင်န်အယ်လ်အေတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

တစ်ခဏတာဖြစ်ပွားခဲ့သော အဆိုပါပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရမှုမကြားသိရသေးသော်လည်း ကေအင်န်ယူဘက်က သေနတ် ၂ လက်ဆုံးရှုံးခဲ့ကြောင်း မာန်အောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။

” မနေ့နေ့လယ်ပိုင်းကတိုက်ပွဲဖြစ်တယ်လို့ကြားသိရတယ်၊ ကရင်ဘက်က သေနတ် ၂ လက်ဆုံးရှုံးသွားတယ်လို့ကြားတယ််၊ တိုက်ပွဲက ခဏလေးပဲလို့လဲ သိရပါတယ်၊ ထိခိုက်ဒဏ်ရာရတာ မကြားရသေးဘူး၊ မာန်အောင်ကျေးရွာနဲ့ ၈ မိုင်အကွာလောက်မှာပါ ” ဟု အဆိုပါဒေသခံက ပြောကြားသည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှကိုမေးမြန်းရာတွင် ” အခြေအနေက တခဏပါပဲ၊ ထိခိုက်ဒဏ်ရာရမှုနဲ့ပတ်သက်လို့ လှမ်းမေးတော့ မရှိဘူးလို့ကြားပါတယ် ” ဟု ပြန်လည်ဖြေကြားသည်။

ကေအင်န်အယ်လ်အေ တပ်ရင်း ၁၆ ထံ ဖြစ်စဉ်နှင့်ပတ်သက်၍ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည် ဆက်သွယ်လို့မရခဲ့ပါ။

အမည်မဖော်လိုသည့် KNU နဲ့နီးစပ်သူတစ်ဦးက KNU တပ်ဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံထားရပြီး သေနတ် ၂ လက်ဆုံးရှုံးခဲ့ကြောင်း သံလွင်တိုင်းမ်ကို ပြောကြားသည်။

ကရင်သတင်းစဉ်ရဲ့ဖော်ပြချက်အရ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက အဆိုပါမာန်အောင်ကျေးရွာအရှေ့ဘက်တွင် သစ်ခုတ်သမား ၃၂ ဦးကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးမိခဲ့ပြီးနောက် ကေအင်န်ယူ ဝငး်ရေးမြို့နယ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း သစ်ထုတ်လုပ်မှုပြသနာကြောင့်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်မည်ဟု ကေအင်န်ယူတာဝန်ရှိတစ်ဦးပြောကြားခဲ့ကြောင်း ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ညပိုင်းက ဖော်ပြခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...