လစာ (၃) သောင်းသာရရှိသည့် တိုင်းရင်းစာပေသင်ကြားပေးသူများ လစာထပ်အဖြတ်ခံရ

လစာ (၃) သောင်းသာရရှိသည့် တိုင်းရင်းစာပေသင်ကြားပေးသူများ လစာထပ်အဖြတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အစိုးရကျောင်းများ၌ တိုင်းရင်းသား ဘာသာရပ်သင်ကြား ပေးသည့် ဆရာ/မများထံမှ ကျောင်း၏ ပရိဘောက ပစ္စည်းဝယ်ယူရန် လစာအဖြတ်ခံနေရကြောင်း  ဖလမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦး Khaw Tuah Lal က ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် Chin World သတင်းဌာနသို့ ပြောသည်။

ကလေးမြို့တွင် ချင်းစာပေ ဘာသာရပ်များဖြစ်သည့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ Hual Ngo နှင့် Lusei (Mizo) ဘာသာများဖြင့် ကျောင်းပေါင်း ၅၀ ကျော်တွင် သင်ကြားလျက်ရှိပြီး၊ သင်ကြားသူဆရာများအနေဖြင့် တစ်ရက်လျှင် တစ်နာရီစာသင်ကြားခ ၃၆၀၀ နူန်းဖြင့် တစ်လလျှင် ၃ သောင်းဝန်းကျင်သာ ရရှိကြောင်း သိရသည်။

ဖလမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦး Khaw Tuah Lal က “ဆရာကြီး/ဆရာမကြီးတွေက တိုင်းရင်းသားဘာသာရပ် သင်ကြားပေးတဲ့ ဆရာ/မ တွေထံဆီကနေ ကျောင်းအတွက်လိုအပ်တဲ့ ပရိဘောကတွေဝယ်ဖို့ လစာဖြတ်ခံရတယ်၊ တစ်ချို့တွေကြတော့ ကျောင်းအုပ်တွေရဲ့လက်မှတ်နဲ့ပဲ လစာထုတ်ပေးရမှာ ဖြစ်တာကြောင့် လဘ္ကက်ရည်ဖိုး တောင်းတာမျိုးတွေရှိတယ်၊ သင်ကြားပေးတဲ့ ဆရာ/မတွေက သူတို့လစာလည်း အပြည့်မရကြဘူး၊ အခွင့်အရေးယူနေတဲ့ ကျောင်းအုပ်တွေရှိတယ်” ဟု ပြောသည်။

သူကဆက်ပြီး “ချင်းစာပေ ဘာသာရပ်သင်ကြားပေးတဲ့ ကျောင်းဆရာ/မ အပေါ်အခွင့်အရေး ယူနေတဲ့သူတွေကို မြို့နယ်ပညာရေးမူူးနှင့် ကျွန်တော်တို့ အရေးယူဖို့သွားတိုင်ပင်မယ်၊ တိုင်းရင်းသား ရေးရာဝန်ကြီးနဲ့တိုင်ပင်မယ်၊ အဲဒါမှ မရရင် ကျွန်တော်တို့ ပြည်ထောင်စုအဆင့်ထိ နေပြည်တော်ထိသွားဖို့ အစီအစဉ်ဆွဲထားတယ်၊ တကယ်တော့ ကျောင်းအုပ်တွေက သင်ကြားပေးတဲ့သူတွေကို ပိုပြီးအားပေးဖို့ သူတို့မှာ တာဝန်ရှိတယ်” ဟု ပြောသည်။

ကျောင်းများတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ တိုင်းရင်းသားစာပေကို စတင်သင်ကြားခဲ့ပြီး လစာမပေးနိူင်သည့် ကျောင်းဆရာ/မများလည်း ရှိနေသေးကြောင်းသိရသည်။

ဦး Khua Tuah Lal က “နယ်ကျောင်းတစ်ချို့မှာကျတော့ တိုင်းရင်းသား ဘာသာရပ် သင်ကြားဖို့ လွှတ်တော်ကအတည်ပြုပေး တဲ့အတွက် အစိုးရကနေ လစာပေးတာရှိတယ်၊ တစ်ချို့နယ်တွေမှာကြတော့ သက်ဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ထောက်ပံ့တာတွေ လည်းရှိတယ်၊ တစ်ချို့ကျောင်းတွေကတော့ ကျောင်းအုပ်တွေ ကျောင်းမတက်လို့ တိုင်းရင်းသားစာပေသင်ကြားပေးတဲ့ ဆရာ/မ တွေပေါ့လျော့ပြီး စာမသင်တာတွေလည်းရှိတယ် ” ဆက်လက်ရှင်းပြသည်။

ကလေးမြို့နယ်တွင် တိုင်းရင်းသားစာပေ ဘာသာရပ်ကို ကျောင်းပေါင်း ၅၀ ကျော်တွင် သင်ကြားလျက်ရှိပြီး၊ ဖလမ်းမျိုးနွယ် ဘာသာရပ်ကို ၅၂ ကျောင်း၊ တီးတိန်ဘာသာရပ်ကို ၃၀ ကျော်၊ Hualngo ဘာသာရပ်ကို ၁၅ ကျောင်းကျော်၊ Lusei (Mizo) ဘာသာရပ်ကို ၇ ကျောင်း နှင့် ဟားခါး ဘာသာရပ်ကို ၁၃ ကျောင်းများတွင် သင်ကြားလျက်ရှိကြောင်း သိရသည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...