လစာ (၃) သောင်းသာရရှိသည့် တိုင်းရင်းစာပေသင်ကြားပေးသူများ လစာထပ်အဖြတ်ခံရ

လစာ (၃) သောင်းသာရရှိသည့် တိုင်းရင်းစာပေသင်ကြားပေးသူများ လစာထပ်အဖြတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အစိုးရကျောင်းများ၌ တိုင်းရင်းသား ဘာသာရပ်သင်ကြား ပေးသည့် ဆရာ/မများထံမှ ကျောင်း၏ ပရိဘောက ပစ္စည်းဝယ်ယူရန် လစာအဖြတ်ခံနေရကြောင်း  ဖလမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦး Khaw Tuah Lal က ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် Chin World သတင်းဌာနသို့ ပြောသည်။

ကလေးမြို့တွင် ချင်းစာပေ ဘာသာရပ်များဖြစ်သည့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ Hual Ngo နှင့် Lusei (Mizo) ဘာသာများဖြင့် ကျောင်းပေါင်း ၅၀ ကျော်တွင် သင်ကြားလျက်ရှိပြီး၊ သင်ကြားသူဆရာများအနေဖြင့် တစ်ရက်လျှင် တစ်နာရီစာသင်ကြားခ ၃၆၀၀ နူန်းဖြင့် တစ်လလျှင် ၃ သောင်းဝန်းကျင်သာ ရရှိကြောင်း သိရသည်။

ဖလမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦး Khaw Tuah Lal က “ဆရာကြီး/ဆရာမကြီးတွေက တိုင်းရင်းသားဘာသာရပ် သင်ကြားပေးတဲ့ ဆရာ/မ တွေထံဆီကနေ ကျောင်းအတွက်လိုအပ်တဲ့ ပရိဘောကတွေဝယ်ဖို့ လစာဖြတ်ခံရတယ်၊ တစ်ချို့တွေကြတော့ ကျောင်းအုပ်တွေရဲ့လက်မှတ်နဲ့ပဲ လစာထုတ်ပေးရမှာ ဖြစ်တာကြောင့် လဘ္ကက်ရည်ဖိုး တောင်းတာမျိုးတွေရှိတယ်၊ သင်ကြားပေးတဲ့ ဆရာ/မတွေက သူတို့လစာလည်း အပြည့်မရကြဘူး၊ အခွင့်အရေးယူနေတဲ့ ကျောင်းအုပ်တွေရှိတယ်” ဟု ပြောသည်။

သူကဆက်ပြီး “ချင်းစာပေ ဘာသာရပ်သင်ကြားပေးတဲ့ ကျောင်းဆရာ/မ အပေါ်အခွင့်အရေး ယူနေတဲ့သူတွေကို မြို့နယ်ပညာရေးမူူးနှင့် ကျွန်တော်တို့ အရေးယူဖို့သွားတိုင်ပင်မယ်၊ တိုင်းရင်းသား ရေးရာဝန်ကြီးနဲ့တိုင်ပင်မယ်၊ အဲဒါမှ မရရင် ကျွန်တော်တို့ ပြည်ထောင်စုအဆင့်ထိ နေပြည်တော်ထိသွားဖို့ အစီအစဉ်ဆွဲထားတယ်၊ တကယ်တော့ ကျောင်းအုပ်တွေက သင်ကြားပေးတဲ့သူတွေကို ပိုပြီးအားပေးဖို့ သူတို့မှာ တာဝန်ရှိတယ်” ဟု ပြောသည်။

ကျောင်းများတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ တိုင်းရင်းသားစာပေကို စတင်သင်ကြားခဲ့ပြီး လစာမပေးနိူင်သည့် ကျောင်းဆရာ/မများလည်း ရှိနေသေးကြောင်းသိရသည်။

ဦး Khua Tuah Lal က “နယ်ကျောင်းတစ်ချို့မှာကျတော့ တိုင်းရင်းသား ဘာသာရပ် သင်ကြားဖို့ လွှတ်တော်ကအတည်ပြုပေး တဲ့အတွက် အစိုးရကနေ လစာပေးတာရှိတယ်၊ တစ်ချို့နယ်တွေမှာကြတော့ သက်ဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ထောက်ပံ့တာတွေ လည်းရှိတယ်၊ တစ်ချို့ကျောင်းတွေကတော့ ကျောင်းအုပ်တွေ ကျောင်းမတက်လို့ တိုင်းရင်းသားစာပေသင်ကြားပေးတဲ့ ဆရာ/မ တွေပေါ့လျော့ပြီး စာမသင်တာတွေလည်းရှိတယ် ” ဆက်လက်ရှင်းပြသည်။

ကလေးမြို့နယ်တွင် တိုင်းရင်းသားစာပေ ဘာသာရပ်ကို ကျောင်းပေါင်း ၅၀ ကျော်တွင် သင်ကြားလျက်ရှိပြီး၊ ဖလမ်းမျိုးနွယ် ဘာသာရပ်ကို ၅၂ ကျောင်း၊ တီးတိန်ဘာသာရပ်ကို ၃၀ ကျော်၊ Hualngo ဘာသာရပ်ကို ၁၅ ကျောင်းကျော်၊ Lusei (Mizo) ဘာသာရပ်ကို ၇ ကျောင်း နှင့် ဟားခါး ဘာသာရပ်ကို ၁၃ ကျောင်းများတွင် သင်ကြားလျက်ရှိကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...