ဖမ်းဆီးရမိမော်တော်ယဉ်များကို ရိဒ်ရဲတပ်ဖွဲ့ထံမှ လုယူ

ဖမ်းဆီးရမိမော်တော်ယဉ်များကို ရိဒ်ရဲတပ်ဖွဲ့ထံမှ လုယူ

ချင်းပြည်နယ်၏ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းတွင် တရားမဝင် ဖမ်းစီးရမိသော မော်တော်ယာဉ်များကို တစ်ဖက်နိုင်ငံမှ လူစုပေါင်း ၅၀ ကျော်က ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် အတင်းလုယူခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မီဖိုရမ်ပြည်နယ်မှ မြန်မာနိူင်ငံသို့ နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၇ တွင် တရားမဝင် ကျူးကျော်မှုဖြင့်ဖမ်းစီးရမိထားသောကားအစီးရေ ၂၁ စီးကိုမီဇိုရမ်းပြည်နယ် Melbuk ရွာလူငယ်ဟု ယူဆရသော လူစုပေါင်း ၅၀ ကျော်မှ ဖေဖော်ဝါရီ ၆ ရက်နေ့တွင်ကားများထားရှိသောတီအိုချောင်းဘေးတွင်အစောင့်ရဲများကို ခြိမ်းခြောက်ကာ ကားအစီးလုံးကို မီဇိုရမ်ပြည်နယ်သို့ လုယူရခြင်းဖြစ်သည်။

ရိ​ခေါဒါရ် ထွေအုပ် ဦးမျိုးမြင့်အောင်က “ရဲအစောင့် ၅ ယောက်ရှိတယ်၊ အဲဒီမှာ လူပေါင်း ၅၀ ကျော်က တုတ်၊ ဓါးတွေနဲ့ပေါ့ လာပြီးတော့ ကြိုးတွေနဲ့ ရဲတွေကို တုတ်ထားတယ်၊ ကား ၂၁ စီးလုံးကို သူတို့ပြန်ယူသွားကြတယ်၊ နိုဝင်ဘာ ၃၀ ရက်နေ့က ဖမ်းထားတာ၊ တစ်ဖက်နိူင်ငံက ကျူးကျော်ပြီးမှ ကျွန်တော်တို့နိုင်ငံဘက်က ဖမ်းထားတာပါ၊ အန္တရာယ်တဲ့သူတော့ မရှိဘူး၊ သနပ်တွေလည်း ဘာမှမယူဘူး” ဟု Chin World သတင်းဌာနသို့ ပြောသည်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တစ်ဖက်နိုင်ငံတာဝန်ရှိသူ ရဲတပ်ဖွဲ့များနှင့် ပြည်တွင်းတာဝန်ရှိသူများ ပူးပေါင်း၍ မော်တော်ယာဉ်လို့ယူသော တရားခံများကို ရှာဖွေနေကြောင်း သိရသည်။

ဖမ်းစီးရမိသော မော်တော်ယာဉ်များသည် ၂၀၁၇ ခုနှစ်၊ နိူဝင်ဘာလ ၃၀ ရက်နေ့တွင် Melbuk ရွာမှ တရားမဝင် မြေဆီများကို သယ်ဆောင်လာပြီး၊ ချင်းပြည်နယ်၊ Haimual တွင် အောက်လမ်းများဖြင့် သယ်ဆောင်သည့် ယာဉ်များဖြစ်ကြောင်း သိရသည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...