NCA လက်မှတ်ရေးထိုးပွဲတွင် PC နှင့် DPN တို့ဆွေးနွေးခဲ့သည့်သဘောတူညီချက် ၈ ချက်ပါ တစ်ပါတည်းလက်မှတ်ရေးထိုးသွားမည်

NCA လက်မှတ်ရေးထိုးပွဲတွင် PC နှင့် DPN တို့ဆွေးနွေးခဲ့သည့်သဘောတူညီချက် ၈ ချက်ပါ တစ်ပါတည်းလက်မှတ်ရေးထိုးသွားမည်
by -
ရဲနိုင်
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး

မွန်ပြည်သစ်ပါတီအနေဖြင့် လာမည့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် လားဟူဒီမိုကရက်တစ်ယူနီယံတို့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး အဆိုပါလက်မှတ်ရေးထိုးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင် PC နှင့် UNFC ၏နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ဆွေးနွေးညှိနှိုင်းခဲ့ကြသည့် သဘောတူညီချက် ၈ ချက်ကို တစ်ပါတည်းလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

'' သဘောတူညီချက် ၈ ချက်ကိုပါ တစ်ပါတည်းလက်မှတ်ရေးထိုးသွားမယ်၊ လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ လူထုတွေ့ဆုံပွဲတွေကျင်းပမယ်၊ ပြည်သူလူထုအသံတွေကိုယူမယ် ပြီးရင် အဆင့်ဆင့် ပင်လုံအထိပေါ့၊ ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲကို မော်လမြိုင်မှာလုပ်ဖို့ လောလောဆယ်လျာထားပါတယ်၊ အတိအကျတော့မသတ်မှတ်ရသေးပါဘူး ''' ဟု နိုင်အောင်မငေးက ပြောသည်။

ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ရေးမြို့၊ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် တပ်မတော်မှ ကစထမှူး ဗိုလ်ချုပ်ကြီးမင်းနောင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း၊ မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ စကခမှူးတို့နှင့် မွန်ပြည်သစ်ပါတီစစ်ဦးစီးချုပ် နိုင်လယီကောင်းအပါအဝင် မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့နှင့်တွေ့ဆုံခဲ့ပြီး နှစ်ဖက်တပ်ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

NCA လက်မှတ်ရေးထိုးပွဲကို ယခုလ ၁၃ ရက်နေ့တွင် နေပြည်တော် MICC-II တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ယခုလ ၅ ရက်နေ့က ပြောဆိုထားသည်။

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...