ရေးမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကျပ် ၂၅၉ သန်းဖြင့် စတင်ဆောင်ရွက်နေ

ရေးမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကျပ် ၂၅၉ သန်းဖြင့် စတင်ဆောင်ရွက်နေ
by -
ရဲနိုင်

မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဝင်းသုခရွှေစျေးနှင့် မြသီတာစျေးအနီး ကမ်းနားလမ်းတွင် ရေးမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ဇန်နဝါရီ်လ တတိယအပတ်ကစတင်ကာ ဆောင်ရွက်နေကြောင်း သိရသည်။

ဒီရေအတက်အကျ ရေတိုက်စားမှုကြောင့် လက်ရှိပြုလုပ်ထားသည့် မြေထိန်းနံရံများအောက်သို့နစ်ဝင်လျက်ရှိကာ ပြိုမကျစေရန် ထောင့်တိုင်များဖြင့်ကျားကန်ထားရပြီး အန္တရာယ်ဖြစ်နိုင်သည့်အနေအထားဖြစ်ပေါ်နေသဖြင့် ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက နိုဝင်ဘာလ ၂၃ ရက်နေ့၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမနေ့တွင် မေးမြန်းခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်အစိးရအဖွဲ့ရံပုံငွေ ကျပ် ၂၅၉ သန်းဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနမှကြီးကြပ်ကာ တင်ဒါအောင်မြင်ဆောက်လုပ်ခွင့်ရရှိသည့် S Galactios Co.Ltd က ဆောင်ရွက်နေကြောင်း ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ပြောကြားသည်။

“ မြေထိန်းနံရံနဲ့လမ်းကို ပြုပြင်လိုက်ခြင်းအားဖြင့် စျေးအရှေ့ဘုရင့်နောင််လမ်း ယာဉ်ကြောကြပ်ခြင်းကို အထိုက်အလျောက်ဖြေရှင်းပေးနိုင်မယ့်အပြင် မြို့သူမြို့သားတွေ အနားယူအပန်းဖြေစရာနေရာတစ်ခုလည်း ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီးဟာ မြို့နေပြည်သူများနဲ့ရော စည်ပင်သာယာအဖွဲ့ကပါ ငွေကြေးအရလည်းကောင်း နည်းပညာအရလည်းကောင်း မလုပ်နိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်တာကြောင့် ပြည်သူများကိုယ်စား အကူအညီတောင်းခံတဲ့အနေနဲ့ မေးမြန်းခဲ့ခြင်းပါ '' ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ပြောကြားသည်။

ရန်ကြီးအောင်ရပ်ကွက်နေ ကိုနိုင်ဝင်းက '' အန္တရာယ်ရှိတဲ့အနေအထားကနေ မကြာခင်မှာ အပန်းဖြေစရာနေရာတစ်ခုဖြစ်လာတော့မှာဖြစ်ပေမယ့် လက်ရှိအနေအထားအရ အမှိုက်စွန့်ပစ်တဲ့နေရာကြီးတစ်ခုလိုဖြစ်နေလို့ တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ဖို့ပြောချင်ပါတယ် '' ဟု မှတ်ချက်ပြုသည်။

အလျား ပေ ၄၀၀ ခန့်ရှိ အဆိုပါဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းနံရံစီမံကိန်းကို ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်သည်ဟု သိရသည်။

 

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...