မော်လမြိုင်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မှတ်ပုံတင်နှစ်ခုကိုင်ဆောင်မှုဖြင့် အမှုဖွင့်

မော်လမြိုင်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မှတ်ပုံတင်နှစ်ခုကိုင်ဆောင်မှုဖြင့် အမှုဖွင့်
by -
နောင်ခန့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးကို မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်ခဲ့ခြင်းကြောင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ နှစ်ခုဖြင့် မော်လမြိုင်မြို့နယ်(လဝက)ဦးစီးမှူး ဦးအေးမင်းက အမှုဖွင့်ထားကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။

လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးကို (ပ) ၈၁ / ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ - ၄၆၈ / ၄၂၀ ဖြင့် အမှုဖွင့်ထားပြီး ယင်းအမှုနှင့် ပတ်သက်၍ အမှုစစ် ဒုရဲအုပ် အောင်မျိုးဟိန်းက စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အမှန်ကတော့ ရည်ရွယ်ချက်က ဘာတုန်းဆိုတော့ သူက မှတ်ပုံတင်နှစ်ခုကိုင်ခဲ့ဖူးလို့ပေါ့၊ လက်ရှိ ကိုင်တာက မှတ်ပုံတင်တစ်ခု နဂိုတုန်းကလည်း မှတ်ပုံတင်တစ်ခု ကိုင်ခဲ့ဖူးတယ်လို့ပေါ့ ဖြစ်စဉ်အကျဉ်းက ဒါဘဲ”ဟု ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦး ယခင်ကိုင်ဆောင်ခဲ့ဖူးသော နိုင်ငံသား စိစစ်ရေးကတ်ပြားသည် သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ အောက်လမ်းတွင်နေထိုင်သော ဒေါ်ချိုအေး ကိုင်ဆောင်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ် ၁၀ / သထန (နိုင်) ၀၉၉၈၇၁ နှင့် တူနေခြင်းဖြစ်သည်။

မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးသည် ရပ်ကွက်နေပြည်သူတို့၏ တိုင်ကြားချက်များအရ ကိုယ်ပိုင်မှတ်ပုံတင် မဟုတ်ဘဲ သက်ရှိထင်းရှားရှိနေသည့် သထုံမြို့နယ်မှ အမျိုးသမီး တစ်ဦး၏ မှတ်ပုံတင်ကို ကိုင်ဆောင်ထားသူဖြစ်သည့်အပြင် နောက်ထပ် မှတ်ပုံတင်တစ်ခုကိုလည်း ကိုင်ဆောင် ထားသည်မှာ ပေါ်လွင်နေကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားထားသည်။

၂၀၁၅ ခုနှစ်၊ လွှတ်တော်မဲဆန္ဒနယ် မော်လမြိုင်မြို့နယ် မဲဆန္ဒရှင်များစာရင်းတွင် လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးသည် မဲပေးပိုင်ခွင့်ရှိသူအမှတ်စဉ် ၈၆၁၁ နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ် ၁၀ / သထန (နိုင်) ၀၉၉၈၇၁ ဖြင့် ပါရှိခဲ့ပြီး သထုံမြို့နယ် မဲဆန္ဒရှင်များစာရင်းတွင် ဒေါ်ချိုအေးသည် မဲပေးပိုင်ခွင့်ရှိသူအမှတ်စဉ် ၅၁၃၀ နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ် ၁၀ / သထန (နိုင်) ၀၉၉၈၇၁ ဖြင့် ပါရှိခဲ့သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လှိုင်ဦးသည် ဒုတိယအကြိမ် အုပ်ချုပ် ရေးမှူး ထပ်မံဝင်ရောက်အရွေးချယ်ခံနေခြင်းအား ၇ . ၁၂. ၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော တိုင်ကြား စာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၇ / ၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ် ၃(ခ)(၁)အရ အုပ်ချုပ်ရေးမှူးတစ်ယောက်အနေဖြင့် အရည် အချင်းမရှိဟု မွန်ပြည်နယ်အစိုးအဖွဲ့သို့ အကြောင်းကြားစာ ပို့ထားကြောင်း မွန်ပြည်နယ်လွှတ်တော်မှ သိရသည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...