ဆန္ဒပြကျောင်းသားများကို ကျောင်းထုတ်ခြင်းအား ရှုံ့ချကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှကြေငြာချက်ထုတ်ပြန်

ဆန္ဒပြကျောင်းသားများကို ကျောင်းထုတ်ခြင်းအား ရှုံ့ချကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှကြေငြာချက်ထုတ်ပြန်
by -
နောင်ခန့်

ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသောကျောင်းသူကျောင်းသားများအား ကျောင်းမှထုတ်ပယ်ခြင်းကို ရှုံ့ချကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဖေဖော်ဝါရီလ(၁)ရက်နေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကျောင်းသင်တန်းမှထုတ်ပယ်လိုက်ခြင်းသည် ကျောင်းသူ/ကျောင်းသားများ၏ လွတ်လပ်စွာပြောဆိုခွင့်ကိုထိခိုက်စေပြီး စစ်မှန်သောဒီမိုကရေစီအလေ့အထများကို ထိခိုက်စေကြောင်း၊ တရားမျှတမှုမရှိဘဲ ကျောင်းသူ/ကျောင်းသားများ၏အခွင့်အရေးကို ချိုးဖောက်ခံနေရသော ကျောင်းစည်းကမ်းများကို အမြန်ဆုံး သုံးသပ်ပြင်ဆင်ပေးရန်၊ ကျောင်းထုတ်ခံခဲ့ရသော ကျောင်းသူကျောင်းသားများအား အမြန်ဆုံးပြန်လည်ကျောင်းတက်ခွင့်ပြုရန် အဆိုပါကြေညာချက်တွင် တောင်းဆိုထားသည်။

“သူတို့တွေ ဆန္ဒပြပြီးတောင်းဆိုတဲ့အချက်နဲ့လုပ်ထုံးလုပ်နည်းက မှားကောင်းမှားလိမ့်မယ် ဒါပေမယ့် ကျောင်းထုတ်တာတော့ လုံးဝမလုပ်သင့်တဲ့ဖိနှိပ်မှုပါ ကျောင်းသားတွေကို အကြောက်တရား ဒါမှမဟုတ် မျှော်လင့်ချက်မဲ့အောင် လုပ်တာက ဒီမိုကရေစီအစိုးရလက်ထက်မှာ မဖြစ်သင့်ဘူး “ ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ မနှင်းဝေသူကပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ပညာရေးအသုံးစရိတ်တိုးမြင့်ရေးကော်မတီမှ ဦးဆောင်၍ မန္တလေးမြို့ရတနာပုံတက္ကသိုလ်ကျောင်းတွင် တက္ကသိုလ်ပေါင်းစုံမှပါဝင်သည့် ကျောင်းသူကျောင်းသူများ၏ ဆန္ဒပြတောင်းဆိုမှုကို ဇန်နဝါရီလ ၂၂ရက်နေ့ နံနက် ၉နာရီတွင်ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြတောင်းဆိုမှုတွင် ပညာရေးအသုံးစရိတ်တိုးမြင့်ရေး၊ ကျောင်းတွင်းအဆောင်များတည်ဆောက်ပေးရေး၊ သင်ထောက်ကူပစ္စည်းလုံလောက်ရေးတို့အတွက် တောင်းဆိုခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့သော်လည်း တစ်စုံတစ်ရာပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။

ဆန္ဒပြတောင်းဆိုမှုတွင်ပါဝင်သည့်တက္ကသိုလ်အသီးသီးမှ ကျောင်းသူကျောင်းသားများကို ကျောင်းမှထုတ်ပယ်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်အထိ စာရင်းများအရ (၄၈) ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...