မီဇိုရမ်ပြည်သို့ စစ်ဘေးတိမ်းရှောင်သည့် ဒုက္ခသည်ထက်ဝက်နီးပါး နေရပ်ပြန်ရောက်

မီဇိုရမ်ပြည်သို့ စစ်ဘေးတိမ်းရှောင်သည့် ဒုက္ခသည်ထက်ဝက်နီးပါး နေရပ်ပြန်ရောက်

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား စစ်ဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင် သူများ ထပ်ဝက်နီးပါး နေရပ်ပြန်ရောက်နေပြီဖြစ်ကြောင်း ပလက်ဝ လူမှုကူညီရေးလုပ်ငန်းဆောင်ရွက်သည့် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော်လည်း နေရပ်ပြန်ရောက်သည့် စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေးနှင့်ပတ်သက်ပြီး အခက်ကြုံနေရကြောင်းသိရသည်။

ပလက်ဝမြို့ လူမှုကူညီရေးဆောင်ရွက်သည့် ပရဟိတအဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက “ တစ်ချို့တွေတော့ ပြန်ရောက်နေပြီ။ သူတို့ဘယ်ထောက်ပံ့မှုနဲ့ ရောက်လာတယ် ဆိုတာတော့ ကျွှန်တော်တို့တော့ မသိဘူး၊ အခုရောက်လာတဲ့ သူတွေကတော့ သူတို့ဟာနဲ့သူ ရောက်လာကြတယ်၊ ဘွေလက်ဝ ရွာဖက်ကနေတော့ ရောက်လာတဲ့သူ ရှိတယ်” ဟု ချင်းဝေါလ်သို့ ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

သူကဆက်ပြီး “ ပြန်ရောက်လာတဲ့ အဖွဲ့ကိုတော့ သက်ဆိုင်ရာဌာနတွေနဲ့ ကျွှန်တော်တို့ လူမှုကူညီရေး အဖွဲ့က ရွာအရောက် လိုက်ပို့ပေးတယ်၊ အခုကတော့ စိုးရိင်မှုက သိပ်ပြီး မရှိတော့ပါဘူး၊ ထောက်ပံ့ရေးသွားပို့ရင်လည်း လုံခြုံရေးတွေနဲ့ သွားကြတယ်၊ တစ်ချို့ကတော့ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲတွေရှိတာပေါ့၊ ကိုယ့်တောင်ယာမှာ မသွားရဲတဲ့အခြေအနေတော့ ရှိသေးတာပေါ့” ဟုပြေသည်။

မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံဖက်ခြမ်းမှ ဒုက္ခသည်ပေါင်း ၁၀၀၀ ကျော်ရောက်ရှိခဲ့ရပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်မှ မြန်မာဒုက္ခသည်များနေရပ်ပြန်နိုင်ရေးအတွက် အိန္ဒိယဗဟိုအစိုးရထံ အကူအညီတောင်းခံခဲ့သည်။

မီဇိုရမ်ဝန်ကြီး တစ်ပါးမှလည်း မြန်မာဒုက္ခသည်များအတွက် စားဝန်နေရေးနှင့် လိုအပ်သည့် ဆေးဝါးများ ဝယ်ယူနိုင်ရန် ရူးပီး ၂ သိန်းလှူဒါန်းခဲ့သည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အကူအညီများပေးနိုင်ရန် မြစ်ရေလည်း ကျနေပြီဖြစ်ပြီး အလှူရှင်များမှ လွတ်လပ်စွာ အထောက်အပံ့ပေးနိုင်ပြီဖြစ်သလို ဒေသခံများအနေဖြင့် အသက်ဝမ်းမွေး ကျောင်းအတွက် တောင်ယာလုပ်ငန်းကို ကောင်းစွာပြန်လုပ်နိုင်ရန် တာဝန်ရှိသူများမှ မိုင်းရှင်းလင်းမှုကို ဆောင်ရွက်ရန်လို အပ်သေးကြောင်း ပလက်ဝလူမှုကူညီရေးလုပ်ငန်းဆောင်ရွက်သည့် ပရဟိတ အဖွဲ့အစည်းထံမှ သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...