စစ်ဘေးရှောင်မြန်မာပြည်သူများအတွက် မီဇိုရမ်ဝန်ကြီးချုပ်မှ ဗဟိုအစိုးရထံ ထောက်ပံ့ကြေးတောင်း

စစ်ဘေးရှောင်မြန်မာပြည်သူများအတွက် မီဇိုရမ်ဝန်ကြီးချုပ်မှ ဗဟိုအစိုးရထံ ထောက်ပံ့ကြေးတောင်း

 

မီဇိုရမ်ပြည်နယ်(အိန္ဒိယ)သို့ စစ်ဘေးရှောင်လျက်ရှိသည့် မြန်မာဒုက္ခသည်များအတွက် မီဇိုရမ်ဝန်ကြီးချုပ် Pu Lalthanhawla မှ အိန္ဒိယ ဗဟိုအစိုးရထံ လိုအပ်သည့်အထောက်အပံ့နှင့် နေရပ်ပြန်နိုင်ရေးအတွက် အကူညီတောင်းခံခဲ့သည်။

ဝန်ကြီးချုပ် Pu Lalthanhawla က“မြန်မာ အစိုးရနဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ကြား စစ်ပွားနေမှုကြောင့် မြန်မာနိူင်ငံမှ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၁၅၀၀ ကျော်ရောက်တယ်၊ ဒီ စစ်ဘေးရှောင်ထဲမှာ ချင်းလူမျိုးတွေလည်း အများကြီး ပါတယ်၊ အခု လက်ရှိမှာတော့ Lawngtlai District မှာ လက်ခံစောင့်ရှောက်နေတယ်” ဟု ပြောသည်။

အဆိုပါ အကြောင်းအရင်းကို ဇန်နဝါရီ ၁၂ ရက်နေ့ ၌ မီဇိုရမ်ဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ်သတင်းစာများတွင် ဖော်ပြထားခြင်းဖြစ်သည်။

မီဇိုရမ်အခြေစိုက် သတင်းဌာနများမှဖော်ပြရာတွင် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေများခြင်းကြောင့် နေရာထိုင်ခင်းမလုံလောက်ကြောင်း၊ လက်ရှိအချိန်တွင် မီဇိုရမ်အစိုးရအနေနဖြင့် ကျောင်းလည်းထားပေးကြောင်း၊ စားဝတ်နေရေး အခက်အခဲကြုံတွေ့ရလျက်ရှိခြင်းတို့ကြောင့် အိန္ဒိယဗဟိုအစိုးရထံ အထောက်အပံ့တောင်းခံရခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

လက်ရှိအချိန်ထိ ဒုက္ခသည်များအား ကူညီစောင့်ရှောက်ပေးရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် မီဇိုရမ်အစိုးရနှင့် Assam Rifile အဖွဲ့တို့မှ ပူးတွဲကူညီလျက်ရှိပြီး အိန္ဒိယ ဗဟိုအစိုးရအနေဖြင့်လည်း နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုကောင်းမွန်ရေးအတွက် အထောက်အပံ့ကို သဘောတူကြောင်း သိရသည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...